မြိုင်နဲ့ ပခုက္ကူကြားမှာ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရဟုဆို

မြိုင်နဲ့ ပခုက္ကူကြားမှာ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူကြားမှာ  စစ်ကောင်စီယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းကို ဇွန် ၂၇ နဲ့  ၂၈ တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လက်ျာက ပြောပါတယ်။ 

ဇွန် ၂၇ ရက်မှာ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ က  ထွက်လာတဲ့ စစ်ယာဉ်တန်းကို မြိုင်နဲ့ ပခုက္ကူမြို့နယ်ကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်း ၅ လုံးဆွဲပြီးတိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ 

အဲဒီနေ့မှာပဲ မြိုင်ကားလမ်းမကြီးဘေးမှာ စခန်းချထားတဲ့ စစ်ကောင်စီစခန်းကိုလည်း ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီး ၄ လုံးချပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ စခန်းကို စွန့်ခွာထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ဇွန် ၂၈ ရက်မှာလည်း မြိုင်မြို့ကထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးပါ ခြေလျင်စစ်ကြောင်းကို ပေပင်တိုက်ရွာနဲ့ သရက်ကန်ရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရာ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ 

“စစ်သား ၂ ဦး သေတယ်၊ ထမ်းစင်နဲ့ ထမ်းပြီးသယ်သွားကြတယ်” လို့ သူက ဆက်ပြောပါတယ်။  

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခလရ ၂၅၇၊ ခလရ ၂၅၈ နဲ့ တပ်မ ၁၀၁ က လို့သိရပါတယ်။ 

အထက်ပါ တိုက်ခိုက်မှုတွေကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၁ ဖွဲ့က ပူးပေါင်းကာ ၂ ရက်အတွင်း အခုလိုတိုက်ခိုက်မှုမျိုး ၄ ကြိမ် လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

 

စာတည်း - ဟယ်ရီ

 

#မြေလတ်အသံ

 

#မကွေးတိုင်း #မြိုင်မြို့နယ် #ပခုက္ကူကြား #စစ်ကောင်စီယာဉ်တန်း #ခြေလျင်စစ်ကြောင်း #တိုက်ခိုက်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10