မြိုင်နဲ့ပေါက်နယ်က Local PDF ၄ ဖွဲ့ပေါင်းကာ အညာမြေတပ်ပေါင်းစုဖွဲ့စည်း၊ NUG မူဝါဒတွေအတိုင်း ရှေ့ဆက်သွားမယ်လို့ဆို (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်နဲ့ပေါက်နယ်မှာ အခြေပြုလှုပ်ရှားနေတဲ့ Local PDF ၄ ဖွဲ့ပေါင်းပြီး “အညာမြေတပ်ပေါင်းစု” အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဒေသတွင်း Local PDF တွေဖြစ်တဲ့ Myaing Underground Defence Force-MUGDF၊ James Bond၊ သစ္စာဒေါင်းနီ - TSDNGF နဲ့ ဇာမဏီတပ်ဖွဲ့တို့ ပူးပေါင်းကာ အညာမြေတပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တာဖြစ်ပြီး တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်၊ မူဝါဒတွေက NUG ရဲ့ မူဝါဒသဘောထားအတိုင်း ရှေ့ဆက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အနာဂတ်မှာလည်း Local PDF တွေ ပြန့်ကျဲနေတာမျိုးမဟုတ်ဘဲ တဖွဲ့နဲ့တဖွဲ့ ပိုပြီးစည်းရုံးနိုင်ဖို့ မူဝါဒတူညီတဲ့ ဒေသတွင်း LPDF အဖွဲ့တွေ ထပ်မံပူးပေါင်းသွားဖို့ရှိတယ်လို့ သူက ဆိုပါတယ်။

လက်ရှိအညာမြေတပ်ပေါင်းစုဟာ မြိုင်နယ်အနောက်တောင်ဇုန်နဲ့ ပေါက်နယ်အရှေ့မြောက်အခြမ်းဒေသတွေမှာ စစ်ရေးဖြန့်ကျက်လှုပ်ရှားနေတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #အညာ #စစ်ရေးအရှိန်မြှင့် #အညာမြေတပ်ပေါင်းစု #LPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10