သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်နဲ့ပေါက်နယ်မှာ အခြေပြုလှုပ်ရှားနေတဲ့ Local PDF ၄ ဖွဲ့ပေါင်းပြီး “အညာမြေတပ်ပေါင်းစု” အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ဒေသတွင်း Local PDF တွေဖြစ်တဲ့ Myaing Underground Defence Force-MUGDF၊ James Bond၊ သစ္စာဒေါင်းနီ - TSDNGF နဲ့ ဇာမဏီတပ်ဖွဲ့တို့ ပူးပေါင်းကာ အညာမြေတပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တာဖြစ်ပြီး တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်၊ မူဝါဒတွေက NUG ရဲ့ မူဝါဒသဘောထားအတိုင်း ရှေ့ဆက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
"ရှေ့ဆက်ပြီးလည်း ဒီထက်ကောင်းမွန်၊ ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်အောင် တည်ထောင်သွားမှာပါ။ ကျနော်တို့ Local PDF တွေ အချင်းချင်းကြားမှာလည်း ဒီထက်ပိုပြီးညီညွတ်အောင် ကြိုးစားသွားမှာပါ။ ရည်ရွယ်ချက်တွေ၊ မူဝါဒတွေကလည်း NUG လက်အောက်ခံမဟုတ်ပေမဲ့ NUG မူဝါဒသဘောထားအတိုင်း ရှေ့ဆက်သွားနေမှာ” လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မြေလတ်အသံကို ပြောပါတယ်။
ဒါ့အပြင် အနာဂတ်မှာလည်း Local PDF တွေ ပြန့်ကျဲနေတာမျိုးမဟုတ်ဘဲ တဖွဲ့နဲ့တဖွဲ့ ပိုပြီးစည်းရုံးနိုင်ဖို့ မူဝါဒတူညီတဲ့ ဒေသတွင်း LPDF အဖွဲ့တွေ ထပ်မံပူးပေါင်းသွားဖို့ရှိတယ်လို့ သူက ဆိုပါတယ်။
လက်ရှိအညာမြေတပ်ပေါင်းစုဟာ မြိုင်နယ်အနောက်တောင်ဇုန်နဲ့ ပေါက်နယ်အရှေ့မြောက်အခြမ်းဒေသတွေမှာ စစ်ရေးဖြန့်ကျက်လှုပ်ရှားနေတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #အညာ #စစ်ရေးအရှိန်မြှင့် #အညာမြေတပ်ပေါင်းစု #LPDF
Share Share Share