မြိုင်မြို့နယ်က စစ်ကောင်စီနေရာတွေကို  PDF ပူးပေါင်းအဖွဲ့တွေက စီးနင်းတိုက်ခိုက်နေ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို PDF ပူးပေါင်းအဖွဲ့တွေက ရက်ဆက်ဆိုသလို စီးနင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြိုင်မြို့ပေါ်ဖြစ်တဲ့ မြိုင်-ပခုက္ကူလမ်းပိုင်းက စစ်ကောင်စီလက်အောက်ခံတပ်သားတွေနေထိုင်တဲ့ စစ်ဆေးရေးဂိတ်ကို ယမန့်နေ ၁၁ နာရီခွဲခန့်က တိုက်ခိုက်ခဲ့သလိုယနေ့ ဩဂုတ် ၈ ရက်မှာလည်း ဝတ်ပုတ်ပျူရွာကို တိုက်ခိုက်သိမ်းပိုက်နေပြီး မြို့ပေါ်ကနေ စစ်ကူမလာရအောင် သွားရောက်တိုက်ခိုက်ခြင်းဖြစ်တယ်လို M.V.P Revolution Force အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်ကလည်း ၆၀ မမ၊ ၄၀ မမ တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီး PDF ပူပေါင်းအဖွဲ့တွေက ထိခိုက််မူမရှိဘဲ စစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှုကိုတော့ စုံစမ်းနေဆဲလို့ သိရပါတယ်။

မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲတွေနေ့စဥ်ဖြစ်ပေါ်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ပစ်ခတ်တာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြိုင်မြို့ပေါ် စစ်ကောင်စီဂိတ်ကို M.V.P Revolution Force၊ အညာမြေပြောက်ကျားတပ်ဖွဲ့ မြိုင်၊ M ဒေါင်နီး ၊Scropion People Defense Force နဲ့ မဟာမိတ်အဖွဲ့များ ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနဲ့ မြိုင်ကပစကို ရေပေးနေတဲ့ ရေစက်အထိုင်စခန်းတို့ကိုလည်း ဩဂုတ် ၃ ရက်ကနေ ၇ ရက်အထိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ထားပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင်မြို့နယ် #စစ်ကောင်စီ #တပ်စွဲနေရာများ  #တိုက်ခိုက်ခံရ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10