မြိုင်မြို့ပေါ် စစ်တပ်စစ်ဆေးရေးဂိတ် အနီးကပ်တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံးဟုဆို

မြိုင်မြို့ပေါ် စစ်တပ်စစ်ဆေးရေးဂိတ် အနီးကပ်တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့အနောက်ဘက် စစ်ကောင်စီစစ်ဆေးရေးဂိတ်က ပျူစောထီး၊ ရဲ နဲ့ စစ်သားတွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက် မနေ့ ညနေပိုင်းက မြိုင်မြို့ကနေ ချောင်းဆုံရွာဘက်ကို ထွက်တဲ့ အဲ့ဒီစစ်ကောင်စီဂိတ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ဗိုလ်လက်ယာက ပြောပါတယ်။

“အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ခွေး ရဲခွေး နဲ့ ပျူခွေး ၁၈ ကောင်လောက် ရှိတယ်။ ကျနော်တို့ ဘောလုံးကွင်း ၁ ကွင်းစာလောက်ကပ်ပြီးတော့ အရင်ပစ်ခဲ့တာ။ အခုမနက်တော့ ၃ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ ကြားတယ်။ သေတဲ့အလောင်း ၃ လောင်းကို အဲဒီအနားမှာ သင်္ဂြိုလ်နေတယ်လို့ သိရတယ်။ တပ်မ ၁၀၁ က စစ်သားတွေပါ။ ပစ်ခတ်တာက ၁၁ မိနစ်ပဲ ကြာတယ်" လို့ ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိ အဲဒီ‌စစ်ဆေးရေးဂိတ်နေရာမှာ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေက အထိုင်ချပြီး မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်စွဲနေတဲ့ နေရာတွေမှာလည်း အင်အားထပ်တိုးချထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် နဲ့ နံ့သာမြေအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း မြိုင်မြို့နယ်အတွင်း စစ်ဆေးရေးလုပ်ဆောင်ဖို့ လာတဲ့ စစ်အုပ်စုကို မြိုင် PDF က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10