မြိုင်မှာ PDF တွေက လုံခြုံရေးယူပြီး ပြည်သူတွေကို တော်လှန်ရုပ်ရှင်ပြသ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ကျေးရွာ ၇ ရွာကဒေသခံတွေကို ဒီဇင်ဘာလ ၅ ရက်ကနေ ဒီဇင်ဘာလ ၁၂ အထိ တော်လှန်ရုပ်ရှင်ပြသခြင်းနဲ့ လူထုဟောပြောပွဲကို ပြုလုပ်ခဲ့တယ်လို့ လူထုသပိတ်တက်ကြွလှုပ်ရှားသူများ အဖွဲ့ဆီက သိရပါတယ်။

တော်လှန်ရုပ်ရှင်တွေ ပြသနေတဲ့ ရွာတချို့မှာ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်လာလေ့ရှိနေပေမယ့် တော်လှန်ရေးအရွေ့တခုကို ပြည်သူတွေသိရှိဖို့နဲ့ စိတ်အပန်းဖြေဖို့ သွားရောက်ပြသရတာလို့ ဆိုပါတယ်။

 

"နယ်မြေအနေနဲ့ကတော့ စစ်တပ်က လေယာဥ်နဲ့ လာပစ်တာမျိုးတွေတော့ ရှိနေပါတယ်။ ပြည်သူလူထု စိတ်အပန်းပြေစေဖို့ အတွက်လည်း လုပ်ရတာပါ" လို့ လူထုသပိတ်တက်ကြွလှုပ်ရှားသူ မချောစုဟန်က မြေလတ်အသံကိုပြောပါတယ်။

 

ကျေးရွာတွေကို  တော်လှန်ရုပ်ရှင်နဲ့ လူထုဟောပြောပွဲတွေ ပြုလုပ်ရာမှာ ပခုက္ကူခရိုင်တပ်ရင်း ၁၇  ရဲဘော်တွေက ခရီးစဉ်တလျှောက်မှာ ပူးပေါင်းဝန်းရံစောင့်ရှောက်ပေးခဲ့ပြီး မြို့နယ် ပအဖ၊ ပကဖနဲ့ အတူတိုက်နယ်/ရပ်ကျေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့တွေ ပူပေါင်းပါဝင်ကြတယ်လို့ ဆိုပါတယ်။

 

လူထုသပိတ် တက်ကြွလှုပ်ရှားသူများအဖွဲ့ဟာ ဆားလင်းကြီး၊ ရေစကြိုနဲ့ မြိုင်မြို့နယ်တွေမှာ လူထုဟောပြောပွဲတွေနဲ့ တော်လှန်ရုပ်ရှင် ပွဲပေါင်း ၂၀ ကို လှည့်လည်ပြသခဲ့ပြီး ဖြစ်ပါတယ်။

 

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

 

#မြိုင် #တော်လှန်ရုပ်ရှင် #လူထုဟောပြောပွဲ #ကျေးရွာပေါင်း၇ရွာ #ပွဲပေါင်း၂၀ #ပြည်သူ  #ပအဖ၊ပကဖ #ရပ်ကျေးအဖွဲ့ #PDF #လုံခြုံရေး #မြေလတ်ရုပ်သံ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10