မြိုင်မှာ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ပျူစောထီး ၁ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မြောက်ဖက်၊ ချောင်းဆုံဂိတ်ကနေ မြိုင်မြို့ကိုစျေးဝယ်ပြီးပြန်လာတဲ့ အင်အား ၁၅ ဦးပါစစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြိး ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အဲ့ဒီစစ်ကောင်စီအဖွဲ့ကို သြဂုတ် ၃၀ ရက်မနက် ၇ နာရီလောက်မှာ မြေပြင်ကနေ အရင်ဆုံးတိုက်ခိုက်ပြီးနောက်  ဒရုန်းနဲ့ဗုံး ၈ လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေနဲ့အတူပါလာတဲ့ ပျူစောထီး ဝင်းလှိုင်ဆိုသူ သေဆုံးပြီး ပျူစောထီး အောင်ဇော်လင်းက ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြိုင်ပကဖ တာဝန်ခံဗိုလ်လက်ယာက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁၊ BLY ပြောက်ကျားတပ်ဖွဲ့ (ပေါက် ပကဖ)၊ ဦးကြီး (ပေါက် ပကဖ)၊ JOKER ပြောက်ကျားတပ်ဖွဲ့ MYG၊ Burma Revolution Alliance Force (BRAF) နဲ့ ဖိုက်တာ မိုးကြီး (ပေါက် ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။  

စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မြိုင် #ပျူစောထီး #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10