မြိုင်မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ တိရိစ္ဆာန်အချို့သေပြီး၊ ဒေသခံတွေ ထွက်ပြေးနေရ

မြိုင်မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ တိရိစ္ဆာန်အချို့သေပြီး၊ ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်သားနဲ့ပျူတွေက မိုင်ဝက်သာသာဝေးတဲ့ ကျွဲတွင်းကျေးရွာကို တိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့ တိရိစ္ဆာန်အချို့ထိမှန် သေဆုံးခဲ့သလို ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

ဖေဖော်ဝါရီလ ၁၄ ရက်မနေ့ကညနေ ၅ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ ၈ ချက်ခန့်ပစ်ခတ်ခဲ့ရာ ဒေသခံတွေကိုတော့ မထိခိုက်ပဲ နွား ၂ ကေင်ကတော့ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

“ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲမဖြစ်ပဲ ၆၀ မမ လက်နက်ကြီးနဲ့ ၈ ချက်ပစ်ခတ်တာ၊ အသံကြားလို့ ပြည်သူကတော့ တိမ်းရှောင်နိုင်ပြီး တိရစ္ဆာန်တွေ ထိသွားတယ်။ ပစ်ခတ်ခဲ့တာကြောင့် နွား ၂ ကောင်သေပြီး ၁ ကောင် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။ 

ပခုက္ကူအခြေစိုက် တမခ ၁၀၁၊ ရေစကြိုအခြေစိုက် ခလရ ၂၅၈ က စစ်သားတွေနဲ့ ဝက်ပုတ်ရွာက ပျူစောထီးတွေ ပူးပေါင်းပြီး ခုလိုပစ်ခတ်ခဲ့တာဖြစ်သလို ခုလိုပစ်ခတ်လို့ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ကျွဲတွင်းရွာက ဒေသခံ ၄၀၀ လောက်က ရွာကနေထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ 

ခုလက်ရှိမှာလည်း အဆိုပါစစ်အုပ်စုဟာ မြိုင်နယ်အတွင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10