မြို့ပြအထိတိုက်ပွဲတွေရောက်လာလို့ ရှေ့တန်းနယ်မြေပိုကျယ်ပြန့်လာတယ်လို့ စစ်ခေါင်းဆောင်ဖွင့်ဟ ၊ ရဲမေတွေ အရေးကြုံရင် သက်လုံကောင်းကြဖို့တိုက်တွန်း

မြို့ပြအထိတိုက်ပွဲတွေရောက်လာလို့ ရှေ့တန်းနယ်မြေပိုကျယ်ပြန့်လာတယ်လို့ စစ်ခေါင်းဆောင်ဖွင့်ဟ ၊ ရဲမေတွေ အရေးကြုံရင် သက်လုံကောင်းကြဖို့တိုက်တွန်း

 

တိုက်ပွဲတွေဟာ တောတောင်များအတွင်းမှာ တိုက်ခိုက်ရသည်မဟုတ်တော့ဘဲ မြို့ပြနေရာတွေအထိဆင်နွှဲလာကြရလို့ ရှေ့တန်းနယ်မြေပိုမိုကျယ်ပြန့်လာတာကို တွေ့ရှိရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၄ ရက် မနေ့နေ့လယ်ပိုင်းက နေပြည်တော်မှာပြုလုပ်တဲ့ စွမ်းရည်တံဆိပ်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘွဲ့တံဆိပ်ပေးအပ်တဲ့အခမ်းအနားမှာ သူ့ရဲ့လက်အောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောကြားတဲ့မိန့်ခွန်းအတွင်း စစ်ခေါင်းဆောင်က အခုလို သတိပေးပြောဆိုခဲ့တာပါ။

“ ယနေ့အခါသမယမှာ ဘက်စုံစစ်ပွဲသဘောတရားများကြောင့် တိုက်ပွဲများဟာ တောတောင်များအတွင်းမှာသာ တိုက်ခိုက်ကျရသည်မဟုတ်တော့ဘဲ မြို့ပြနေရာများအထိဆင်နွှဲလာကြတာကို တွေ့ရှိရတဲ့အတွက် ရှေ့တန်းနယ်မြေဟာ ပိုမိုကျယ်ပြန့်လာတာကိုတွေ့ရှိရကြောင်း” လို့ ပြောပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့အဓိကအမာခံအရံအင်အားများဖြစ်တဲ့ ရဲမေမိသားစုဝင်တွေဟာ အရေးကြုံပါက သက်လုံကောင်းစွာမိသားစုဂုဏ်နဲ့ တပ်မတော်ဂုဏ်ကို စောင့်ထိန်းသူများဖြစ်ခဲ့ကြတာကြောင့် စစ်မှန်တဲ့မျိုးချစ်စိတ်ဓာတ်များကို ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းမှာကြားလိုတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီအခမ်းအနားမှာ တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် သူရဲကောင်းမှတ်တမ်းဝင်၊ ရဲသူရ၊ ရဲဗလ စတဲ့ဘွဲ့ တံဆိပ်ရရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘွဲ့တံဆိပ်တွေပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

#မြေလတ်အသံ

#နေပြည်တော် #ဘွဲ့တံဆိပ်ပေးအပ်ပွဲ #မိန့်ခွန်းပြောကြား #စစ်ခေါင်းဆောင် #မင်းအောင်လှိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10