မြေလတ်အသံ ပရိသတ်ထံ အသိပေးကြေညာချက်

မြေလတ်အသံ ပရိသတ်ထံ အသိပေးကြေညာချက်

မြေလတ်အသံ ပရိသတ်ထံ အသိပေးကြေညာချက်

 

မြေလတ်အသံသတင်းဌာနသည် ကိုဗစ်ရောဂါကပ်ဆိုးကာလမတိုင်မီကတည်းကပင် စာဖတ်ပရိသတ်များအတွက် သတင်းအချက်အလက်နှင့် ဆောင်းပါးများကို ဖေ့ဘွတ်ဆိုရှယ်မီဒီယာမှ တဆင့် ရေးသားတင်ဆက်ခဲ့ပါသည်။

 

နွေဦးတော်လှန်ရေးကာလတလျှောက်လုံးမှာလည်း မြေလတ်အသံသတင်းဌာနသည် စာဖတ်ပရိသတ်များနှင့်အတူ အမှန်တရားဘက်ကိုရပ်တည်ကာ ယုံကြည်စိတ်ချရသည့်သတင်းဌာနတခုအနေဖြင့်  သတင်းများ၊ ဆောင်းပါးများနှင့် ရုပ်သံတင်ဆက်မှုများစွာကို မြေလတ်အသံသတင်းဌာန ကိုယ်ပိုင် Website အပါအဝင် Facebook YouTube Telegram Twitterနှင့် Instagram ဆိုရှယ်မီဒီယာ ပလက်ဖောင်းတို့မှတဆင့် အချိန်နှင့်တပြေးညီ တင်ဆက်ခဲ့ပါသည်။ 

 

ယခုအခါ ဖေ့ဘွတ်ဆိုရှယ်မီဒီယာပလက်ဖောင်း၏ အလွန်အကျွံတင်းကြပ်လာသည့်မူဝါဒများအရ ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာနဖေ့ဘွတ်စာမျက်နှာမှာ Facebook ၏ အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ခံထားရသဖြင့် မြေလတ်အသံမှတင်ဆက်နေသည့် သတင်းများ၊ ဆောင်းပါးများ နှင့် ရုပ်သံသတင်းများသည် စာဖတ်ပရိသတ်ထံရောက်ရှိရန်မှာ အကန့်အသတ်များစွာဖြင့် ကြုံတွေ့နေရသလို စာဖတ်ပရိသတ်များထံ သတင်းပျံ့နှံ့မှုနည်းပါးနေပြီး သတင်းအချက်အလက်နှင့် သတင်းမှန်ရရှိရန်မှာနှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရပါသည်။ 

 

သို့ဖြစ်ပါ၍ သတင်းတင်ဆက်မှုများကို မြေလတ်အသံသတင်းဌာနWebsite အပါအဝင် Facebook YouTubeTelegram Twitterနှင့် Instagram ဆိုရှယ်မီဒီယာများတွင် ပုံမှန်အတိုင်း ဖော်ပြပေးနေမည်ဖြစ်သော်လည်း စာဖတ်ပရိသတ်များအနေဖြင့် သတင်းအချက်အလက်များကိုပြည့်ပြည့်စုံစုံ အချိန်နှင့်တပြေးညီသိရှိနိုင်စေရန် မြေလတ်အသံသတင်းဌာန Website ဖြစ်သည့် myaelattathan.org ကို အဓိကထား၍ သတင်းများ၊ ဆောင်းပါးများနှင့် ရုပ်သံသတင်းများကို တိုက်ရိုက်ဝင်ရောက်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာနသည် စာဖတ်ပရိသတ်များ၏ယုံကြည်ကိုးစားမှုကို အစဉ်ဦးထိပ်ထားလျက် ပြည်သူအားကိုးရသည့် သတင်းဌာနတခုအဖြစ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

မြေလတ်အသံသတင်းဌာန

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10