မြောင်က ကျောင်သားတွေရဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှု

မြောင်က ကျောင်သားတွေရဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှု

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ အထက်တန်းကျောင်းအချို့မှ ကျောင်းသားလူငယ်တွေက ဇူလိုင် ၇ ရက် ဒီမနက်ပိုင်းမှာ 7 July အထိမ်းအမှတ် လှုပ်ရှားမှုတွေကို နေရာ ၂ နေရာခွဲပြီး ပြုလုပ်ခဲ့ကြတယ်လို့ Youths For Community - YFC Myaung အဖွဲ့ဆီက သိရပါတယ်။

 

ကျောင်းသားတွေရဲ့ သမိုင်းကို ပြန်လည်မျှဝေတာ၊ လက်ကမ်းစာစောင် ဝေတာအပြင် ဖိနှိပ်ခံပညာရေး အလိုမရှိကြောင်း ကြွေကြော်သံတွေလည်း ကျောင်းသားလူငယ်တွေနဲ့ ဟစ်ကြွေးခဲ့ကြပါတယ်။ 

 

 

"စစ်တပ်ကို ပြောချင်တာကတော့ စစ်ကျွန်ပညာရေးကို မလိုလားဘူး။ ငါတို့ကျောင်းသားတွေ ညီညွတ်လာပြီ၊ စစ်အုပ်စုကိုယ်တိုင် အခိုင်အမာတည်ဆောက်ထားတဲ့ ကျွန်ပညာရေးယန္တယားကို တစတစ ဖြိုချဖျက်ဆီးပစ်မယ်။ ငါတို့ ကျောင်းသားလူငယ်တွေကို မတရားဖမ်းဆီး သတ်ဖြတ်လို့ ရကောင်းရမယ်။ ငါတို့ရင်ထဲက တော်လှန်စိတ်ကို ဖျောက်ဖျက်ပစ်လို့မရနိုင်ဘူး”လို့ မြောင်လူငယ်ကွန်ရက်အဖွဲ့  ဦးဆောင်ပါဝင်သူ အမျိုးသမီးတဦးက မြေလတ်အသံကိုပြောပါတယ်။

 

ဒီလှုပ်ရှားမှုပွဲကို ကျောင်းသား/သူ ၂၀၀ ကျော်တက်ရောက်ခဲ့ပြီး၊ မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#မြောင် #7July #လှုပ်ရှားမှု #ကျောင်းသား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10