သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာနားမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက မရိုးကုန်းရွာက အိမ်ခြေ ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ PDF တပ်ဖွဲ့ဝင်ထံက သိရပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက် မနေ့ကအစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ မြောင်လမ်းခွဲကနေ ခြောက်ဘီးကားနဲ့လာပြီး ညနေ ၄ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မရိုးကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်တောက်ထွန်းက ပြောပါတယ်။
"ထိတွေ့ပစ်ခတ်မှု ဖြစ်တာက ပြည်သူ့ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အခြားဒေသကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ပါ။ သူတို့(စစ်ကောင်စီ)တွေက အင်အား ၆၀ နီးပါး ရှိတယ်။ ပစ်ခတ်မှုက ၁ နာရီ ကြာသွားတယ်။ ပစ်ခတ်မှု ဖြစ်ပြီးတော့ ရွာထဲကိုဝင်ပြီး မီးရှို့တာပဲ" လို့ ဆိုပါတယ်။
မရိုးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ညနေ ၆ နာရီလောက်မှာ ကျေးရွာထဲကနေပြန်လည်ထွက်ခွာသွားတယ်လို့ အဲဒီတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
"ကျတော်တို့တွေက သူတို့ထွက်သွားပြီးတာနဲ့ ရွာထဲကို မီးဝင်ငြိမ်းတယ်။ ရွာသားတချို့ကတော့ ရွာထဲကို ပြန်လာနေပါပြီး တချို့ကတော့ ကြောက်လို့ တောတွေထဲမှာ နေနေတုန်းပဲ" လို့ ဆိုပါတယ်။
အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ မရိုးကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ဝင်ရောက်တာဟာ ၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါတယ်။
#မြေလတ်အသံ
Share Share Share