ယင်းမာပင်မြို့နယ် တိုက်နယ်၂ ပကဖ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ)

ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂  ပြည်သူ့ကာကွယ်ရေးအဖွဲ့ က မွမ်းမံသင်တန်းဆင်းပွဲကို သြဂုတ် ၂၅ ရက်က ယင်းမာပင်မြို့နယ် တောတွင်းတနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ 

သင်တန်းမှာ အခြေခံစစ်ပညာကို အဓိကထားသင်ကြားပေးခဲ့ကာ သင်တန်းသား ၂၀ ဦးကို မွမ်းမံသင်တန်းပေးနိုင်ခဲ့ပြီး သင်တန်းဆင်းချိန်မှာတော့ ရဲဘော် ၃ ဦးမှာ ကျန်းမာရေးမကောင်းတာကြောင့် ၁၇ ဦးသာ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ တာဝန်ခံ ကိုအာမိုက ပြောပါတယ်။

ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂  ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဟာ တော်လှန်ရေးကာလအစောပိုင်းမှာ Yinmarbin Local PDF တပ်ဖွဲ့အနေနဲ့ ယင်းမာပင်မြို့နယ်ထဲမှာ လှုပ်ရှားနေပြီး အဲဒီတုန်းကလည်း အခြေခံစစ်ပညာ အပတ်စဥ် ၁ နဲ့  ၂ သင်တန်းကို  ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်မှာ ၂ ကြိမ်ပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပြီးချိန်မှာတော့ အခြေခံစစ်ပညာသင်တန်း ၁ ကြိမ် ပေးခဲ့ပြီး ယခုမွမ်းမံသင်တန်းကိုတော့ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ သြဂုတ် ၂၅အထိ သင်တန်းပေးခဲ့တာလို့ တာဝန်ခံ ကိုအာမိုက ပြောပါတယ်။

လက်ရှိမှာ ယင်းမာပင်မြို့နယ်၊ တိုက်နယ် ၂ ပြည်သူကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန MOD အောက်မှာ တာ၀န်ထမ်းဆောင်နေပြီး ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီမြို့နဲ့ ပုလဲမြို့နယ်တွေမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တည်းဖြတ် -HP

#မြေလတ်အသံ

#ယင်းမာပင် #တိုယ်နယ်၂ #ပကဖ #မွမ်းမံသင်တန်း #သင်တန်းဆင်းပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10