ရခိုင်ကနေ ရိက္ခာလာပို့တဲ့ယာဥ်တန်း ၂ရက်ဆက်တိုက် မိုင်းဆွဲခံရ

ရခိုင်ကနေ ရိက္ခာလာပို့တဲ့ယာဥ်တန်း ၂ရက်ဆက်တိုက် မိုင်းဆွဲခံရ

ရခိုင်ပြည်နယ်၊ အမ်းမြို့ကနေ မကွေးတိုင်းထဲကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီကားတွေကို ငဖဲမြို့နယ်ထဲမှာ ၂ရက်ဆက်တိုက် မိုင်းဆွဲခဲ့တယ်လို့ Chin Defence Force-Asho အဖွဲ့ဆီက သိရပါတယ်။
 
အမ်းမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ပဒါန်းဘက််ကို ရိက္ခာလာပို့တဲ့ ယာဥ်တန်းကို ၂ရက်ဆက်တိုက် ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ CDF - Asho အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
 
"ပြင်ဆင်နေတာကြာပါပြီ။ တကယ်တိုက်ခိုက်ဖို့အတွက် အခွင့်အရေးပေးလာတော့ ဖေဖော်ဝါ ရီလ ၃ ရက်နဲ့ ၄ ရက်မှာ ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ၃ ရက်နေ့အမ်းဘက်က ဆင်းလာတဲ့ကား ၁၆ စီးကိုတော့ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်နိုင်ခဲ့ပြီး ၄ ရက်နေ့မှာတော့ ကား ၁၈ စီးကို မိုင်း ၃ လုံးနဲ့တိုက်ခိုက်နိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
 
မိုင်းဆွဲမှုကြောင့် ရိက္ခာပို့တဲ့ ကားတွေမှာပါတဲ့ စစ်သားတွေထိခိုက်ဒဏ်ရာရတာတွေရှိပြီး ပြန်ပစ်ခတ်တာတွေရှိလို့ ပြန်ဆုတ်လာခဲ့ရတယ်လို့ ဆိုပါတယ်။
 
ဒီတိုက်ခိုက်မှုကို Chin Defence Force-Asho အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေဘက်က ပူးပေါင်းပါဝင်မှုရှိချင်တာကြောင့် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖောက်ခွဲဖို့လိုအပ်တဲ့မိုင်းနဲ့ဆက်စပ်ပစ္စည်းတွေကို ကျောင်းသားလက်ရုံးတပ် (SAF) နဲ့ PRA-Magway အဖွဲ့တွေက ထောက်ပံ့ကူညီပေးခဲ့တာလို့ သိရပါတယ်။
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10