ရခိုင်မှာ အလင်းဝင်လာတဲ့ နယ်ခြားစောင့်ရဲ ၂ ဦး အညာဒေသမှာ စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

ရခိုင်မှာ အလင်းဝင်လာတဲ့ နယ်ခြားစောင့်ရဲ ၂ ဦး အညာဒေသမှာ စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

ရက္ခိုင်ပြည်နယ်၊ မောင်တောခရိုင်နယ်ခြားစောင့်တပ်တခုကနေ အလင်း၀င်လာတဲ့ရဲတပ်သား ၂ ဦးဟာ အညာဒေသမှာ စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်သွားမယ်လို့ Generation Z Army ဆီက သိရပါတယ်။

အဆိုပါရဲတပ်သား ၂ ဦးဟာ ၂၀၂၄ မေလ ၁၀ ရက်မှာ GZ Army ဆီကို G3 သေနတ် ၁ လက်၊ MA 11 ၁ လက်၊ ကျည် ၂၂၀ တောင့်နဲ့အတူ အလင်း၀င်လာခဲ့တာဖြစ်ပြီး တဦးကို ကျပ်သိန်း ၂၀ ဆီဂုဏ်ပြုငွေချီးမြှင့်ခဲ့တယ်လို့ GZ Armyရဲ့ စစ်ဦးစီးချုပ် ကိုဇက်ကပြောပါတယ်။

"သူတို့က စကစက အလင်းဝင်ရင် PDF တွေက သတ်တယ်လို့ဝါဒဖြန့်နေတယ်တဲ့ တပ်ထဲမှာ။ အဲ့ဒါကြောင့်တွေးပြီး ကြောက်နေတာ။ အခုတော့ ကျနော်တို့ရဲဘော်တွေက တကယ့် ရဲဘော်ရဲဘက်တွေလိုဆက်ဆံတော့ သူတို့ဝမ်းသာနေကြတယ်"လို့ စစ်ဦးစီးချုပ် ကိုဇက်ကပြောပါတယ်။

ဒါ့အပြင် အလင်း၀င်လာတဲ့ရဲတပ်သား ၂ ဦးဟာ GZ Amry ရဲ့ အမိန့်နဲ့အတူ အညာဒေသမှာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။

"ကျနော်တို့လည်း စကစဘက်မှာနေတာ နှစ်အတော်ကြာပြီဆိုတော့ အာဏာရှင်စနစ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေက ယှဥ်ကြည့်ရင် ဆိုးကျိုးတွေများတော့ အာဏာရှင်စနစ်ကို မကြိုက်တော့ တော်လှန်ဖို့အတွက်ပဲ GZ Army ဆီကို အလင်းဝင်လာတာ"လို့ GZ Army ဆီအလင်းဝင်လာတဲ့ ရဲတပ်သားတဦးကပြောပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သား ၂ ဦးဟာ GZ Army ရဲ့အညာစစ်ဒေသကို အာရက္ခတပ်တော် (AA)ရဲ့ အကူအညီနဲ့အတူ ဇူလိုင် ၇ ရက် မနေ့ကရောက်ရှိနေပြီလို့လည်း သိရပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ စစ်ကောင်စီရဲ့ ဘယ်တပ်စခန်းကမဆို အလင်းဝင်မယ်ဆိုရင် လက်ခံကြိုဆိုသွားမှာဖြစ်ပြီး လုံခြုံမှု၊ စိတ်ချမှုရှိအောင် စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့လည်း GZ Army ရဲ့ စစ်ဦးစီးချုပ် ကိုဇက်ကပြောပါတယ်။

GZ Army ဟာ ချင်းပြည်နယ်၊ ရက္ခိုင်ပြည်နယ်နဲ့ တပ်ရင်းအခြေစိုက်ရာ အညာဒေသဖြစ်တဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ EROs တွေ၊ မဟာမိတ် PDF တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေတာလည်း ဖြစ်ပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကောင်စီ #ရဲတပ်သား #အလင်းဝင် #GZArmy #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10