ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က သေဆုံးခဲ့တဲ့ ရဲဘော်သန်းထိုက်ရဲ့ စျာပန

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က သေဆုံးခဲ့တဲ့ ရဲဘော်သန်းထိုက်ရဲ့ စျာပန

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း သေဆုံးခဲ့တဲ့ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF က ဗဟိုဦးဆောင်အဖွဲ့ဝင်၊ ဘဏ္ဍာရေးဌာနတာဝန်ခံ ရဲဘော်သန်းထိုက် (ခ) ညီညီရဲ့ စျာပနကို စက်တင်ဘာလ ၂ ရက်က တပ်ဖွဲ့ရဲ့ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

"ဘုန်းကြီးတွေဆွမ်းကပ်တယ်။ မဟာမိတ်အဖွဲ့တွေနဲ့ပြည်သူတွေက လွမ်းသူပန်းခွေ့ချတယ်၊ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ပြုလုပ်ခဲ့တာပါ" လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရဲဘော်သန်းထိုက်ဟာ ပြီးခဲ့တဲ့သြဂုတ်လ ၂၇ ရက်က အရာတော်မြို့နယ်၊ အိုင်သာကျေးရွာနဲ့ ထန်းတောကျေးရွာကြားမှာ မြေပဲခင်းထဲမှာ ဦးနှောက်သေနတ်မှန်ဒဏ်ရာနဲ့သေဆုံးခဲ့တာကို ဒေသခံတွေကတွေ့ရှိခဲ့တာပါ။  

ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး သြဂုတ်လ ၃၀ ရက်တွင် သမ္မတရုံး၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့ကို ဩဂုတ် ၃၀  ရက်မှာ YRF က တိုင်ကြားစာ ပေးပို့ပေးခဲ့ပါတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #သေဆုံး #YRFရဲဘော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10