ရပ်ကျေးမွမ်းမံသင်တန်း အပတ်စဥ် ၁ သင်တန်းဆင်းပွဲ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းမှာပြုလုပ် (ရုပ်/သံ)

ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းရဲ့ ထိန်းချုပ်နယ်မြေတနေရာမှာ ရပ်ကျေးမွမ်းမံသင်တန်း အမှတ်စဥ် ၁ သင်တန်းဆင်းပွဲကို သြဂုတ် ၁၂ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းကာလဟာ ဇူလိုင် ၁၂ ရက်ကနေ ဩဂုတ် ၁၂ ရက်အထိ ၁ လကြာမြင့်ပြီး ပခုက္ကူခရိုင်၊ ရပ်ရွာပေါင်းစုံမှာရှိတဲ့ လူငယ်တွေကိုစုဖွဲ့ပြီး ပြုလုပ်ခဲ့တာလို့ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

သင်တန်းမှာ ပြည်သူနဲ့ဆက်ဆံနည်း၊ ရပ်ကျေးဆိုင်ရာလုပ်ပိုင်ခွင့်နဲ့ အကန့်အသတ်များ စတဲ့သင်ခန်းစာတွေကို သင်တန်းသား အမျိုးသား ၃၆ ဦးကို သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲမှာ သင်တန်းကာလတလျှောက် ကြိုးစားခဲ့တဲ့ ထူးချွန်ကျောင်းသားများအား ဆုချီးမြှင့်တာ၊ အသိအမှတ်ပြုသင်တန်းဆင်းလက်မှတ် ပေးအပ်တာ၊ ဂုဏ်ပြုသီဆိုဖျော်ဖြေတာစတဲ့ အစီအစဉ်တွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရပ်ကျေးမွမ်းမံသင်တန်း အမှတ်စဥ် ၁ သင်တန်းသားတွေဟာ တော်လှန်ရေးနဲ့ တပ်ရင်းရဲ့အရန်အင်အားဖြစ်တဲ့အတွက် စစ်ရေးဆိုင်ရာသင်ခန်းစာ၊ မိုင်းသင်ခန်းစာ၊အရေးပေါ် ဆေးဝါးကုသနည်းနဲ့ လက်နက်ငယ်သင်ခန်းစာတွေကိုလည်း သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်း​ဖြတ် - HP

#မြေလတ်အသံ

#ပခုက္ကူ #ပခုက္ကူခရိုင်အမှတ်၃တပ်ရင်း #ရပ်ကျေးမွမ်းမံသင်တန်း #သင်တန်းဆင်းပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10