ရမည်းသင်းက ကျေးရွာအချို့မှာ ဆေးဝါးနဲ့စာစရာလိုအပ်၊ လမ်းခရီးအခက်အခဲကြောင့် ကြန့်ကြာမှုများရှိ

ရမည်းသင်းက ကျေးရွာအချို့မှာ ဆေးဝါးနဲ့စာစရာလိုအပ်၊ လမ်းခရီးအခက်အခဲကြောင့် ကြန့်ကြာမှုများရှိ

မုန်တိုင်းကြောင့် မိုးများပြီး ရေကြီးရေလျှံဖြစ်ခဲ့တဲ့ ရမည်းသင်းမြို့နယ်အတွင်းက ကျေးရွာအချို့မှာ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ နယ်မြေခံပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။

မန္တလေးတိုင်း၊ ရမည်သင်းမြို့နယ်အတွင်းက ‌သပြေပင်၊ ချောင်းဖျား၊ ငါးတဲစု စတဲ့ကျေးရွာတွေမှာ စက်တင်ဘာ ၁၀ ရက်ကစလို့ ရေကြီး၊ မြေပြိုတာတွေဖြစ်ပေါ်ခဲ့ပြီး နေအိမ်တွေပျက်စီးကာ လူအသေအပျောက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိမှာ ရေပြန်ကျသွားပြီး ကူညီကယ်ဆယ်ရေးတွေကို ပရဟိတအသင်းတွေ့နဲ့ သက်ဆိုင်ရာနယ်မြေခံအဖွဲ့တွေက လုပ်ကိုင်နေကြပေမယ့် ဆေးဝါးနဲ့ စားစရာတွေလိုအပ်နေတယ်လို့ ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။

ရေကြီး၊ မြေပြိုတာတွေဖြစ်ခဲ့တဲ့ ကျေးရွာတွေကလမ်းတွေကို ပြန်ပြင်ပြီး ရေနဲ့ အစားအသောက်တွေ ပို့ပေးနေတယ်လို့ ရမည်းသင်း တွဲလက်ညီ ရေဘေးထောက်ပံ့အဖွဲ့ဝင်တဦးက ပြောပါတယ်။

အိမ်ထောင်စု ၂၃၀ ရှိတဲ့ချောင်းဖျားကျေးရွာမှာ ၈ ဦး သေဆုံးကာ နေအိမ် ၇၈ လုံး ပျက်စီးခဲ့တာကြောင့်  လူဦးရေ ၁၀၀ လောက် ရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းနေကြရပါတယ်။

"ငါးတဲစုရွာကတော့ ခုထိ လူမရောက်နိုင်သေးပါဘူးဗျ။ ကျနော်တို့လည်း အနီးဆုံးရွာထိ ရိက္ခာပို့ပေးတယ်၊ ဟိုက ခြေလျင်လာယူကြတယ်။ အဲဒီကို ကားလေးတွေသွားနိုင်အောင် လမ်းပြင်နေပါတယ်။" လို့ ရမည်သင်းရေဘေးကူညီရေးအဖွဲ့တခုဖြစ်တဲ့ တွဲလက်ညီအဖွဲ့က ပြောပါတယ်။

ငါးတဲစုကျေးရွာဟာ အိမ်ခြေ ၆၀ ဝန်းကျင်ရှိပြီး ရေဘေးကြောင့် ၁၅ ဦးသေဆုံးခဲ့သလို ရမည်သင်းရေဘေးသင့်ကူညီရေးအသင်းရဲ့ စာရင်းအရ ရမည်းသင်းမြို့နယ်အတွင်းမှာ အတည်ပြုထားနိုင်တဲ့ သေဆုံးစာရင်း ၃၂ ဦးထိရှိထားပြီး ၁၀၀ ကျော်ထိသေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #ရမည်းသင်း #ရေကြီး #သဘာဝဘေးအန္တရာယ် #ကူညီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10