ရမည်းသင်း ရေကြီးမှုမှာ လူ ၁၀ ဦးထိ သေဆုံးမှုရှိလာ

ရမည်းသင်း ရေကြီးမှုမှာ လူ ၁၀ ဦးထိ သေဆုံးမှုရှိလာ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်က ကျေးရွာတွေမှာ စက်တင်ဘာ ၁၀ ရက်ကစတင်ကာ မိုးများ၊ ရေကြီးခဲ့ပြီး ဒေသခံ ၁၀ ဦးလည်း သေဆုံးခဲ့တယ်လို့ စက်တင်ဘာ ၁၁ ရက်မှာ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာက အမျိုးသား ၁ ဦး၊ ညောင်အိုင်ကျေးရွာက အမျိုးသမီး ၁ ဦး၊ မြင်းနားကျေးရွာအုပ်စု၊ ကံသာအေးကျေးရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦး၊ ရွှေနန်းပေါ်ကျေးရွာက အမျိုးသမီး ၁ ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာက အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့တာပါ။  

ဒါ့အပြင် အိမ်ထောင်စု ၁ သောင်းခွဲကျော် (၁၅၁၁၃)၊ စုစုပေါင်း လူဦးရေ ၅ သောင်းကျော် (၅၃၉၇၂) ရေဘေးသင့်နေပြီး သူတို့ကိုတော့ ရမည်းသင့်မြို့ပေါ်ရှိ သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်းတို့မှာ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်ပြီး ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်လို့ ဆိုထားပါတယ်။ 

#မြေလတ်အသံ

#မန္တလေး #ရမည်းသင်း #ရေကြီးရေလျှံ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10