သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကောင်စီတပ်ရဲ့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် လိုက်ပါလာတဲ့ စစ်ရဟတ်ယာဉ်ကို ဒီကနေ့ ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေဘက်က ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ PDFစစ်ကြောင်းတွေနဲ့ KNLA သတင်းရင်းမြစ်တွေထံက သိရပါတယ်။
တပ်မ ၄၄ ဟာ ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ခိုက်ရေးဝင်ရောက်နေရတာဖြစ်ပြီး တပ်မ ၄၄ တပ်မမှူးနဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ဟာ အင်အားဖြည့်ရန်အတွက် မြဝတီမြို့၊ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၅ တပ်ရင်းသို့ ရဟတ်ယာဉ်ဖြင့်လာရောက်စဉ် ဝိုင်းဝန်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ အဲဒီရဟတ်ယာဉ်က နေပြည်တော်ကလာတယ်လို့ သိရတယ်။ သင်္ကန်းညီနောင်မှာ ခနဆင်းပြီး လေယာဉ်ပြန်တက်တဲ့အချိန် စနိုက်ပါနဲ့ ပစ်တာ။ မောင်းတဲ့သူကိုထိပြီး ပျက်ကျတာ “ လို့ မြေပြင် KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

DSA အပတ်စဉ် ၄၁ ဆင်း ဗိုလ်မှူးချုပ် အေးမင်းနောင် ဟာ ဖာပွန်အခြေချစစ်ဗျူဟာ(စဗခ ဖာပွန်) စစ်ဗျူဟာမှူး ရာထူးကနေ ဇန်နဝါရီဒုတိယပတ်အတွင်းမှာ တပ်မ ၄၄ တပ်မမှူး အဖြစ်တိုးမြှင့်ခံရပြီး ယခင်တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးကြီး ဝင်းနောင်စိုးနေရာကို အစားထိုးရောက်ရှိလာတာဖြစ်ကာ တပ်မ ၄၄ တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ တပ်မဟာ ၆ နယ်မြေကို စစ်ဆင်ရေးတွေကွပ်ကဲဖို့ ရောက်ရှိလာတာပါ။
ရဟတ်ယာဉ်ပျက်ကျတာကြောင့် တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးတယ်လို့ သိရပေမယ့် အသေးစိတ်အခြေအနေတွေကို အတည်ပြုနိုင်ရေး ဆက်လက်စုံစမ်းနေပါတယ်။

ပုံစာ - တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အား ဖာပွန်အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ဖြင့် မြင်တွေ့ရစဉ်။
#မြေလတ်အသံ
#စစ်ကောင်စီတပ် #တပ်မ၄၄ #တပ်မမှူး #ရဟတ်ယာဥ် #ပစ်ချခံရ #သေဆုံး #သတင်း
Share Share Share