သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုရွာက ပျူစောထီးတပ်သားတွေ ရိက္ခာသယ်ပြီးပြန်လာချိန် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၁၂ နာရီကျော်မှာ စောင့်ကြိုပစ်ခတ်ခဲ့လို့ ၃ ဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် − ၇ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
မုံရွာမြို့ပေါ်ကနေ ဆိုင်ကယ် ၃ စီး နဲ့ ရိက္ခာသယ်ပြီးပြန်လာတဲ့ ပျူစောထီးတပ်သား ၃ ဦး နဲ့ အမျိုးသမီး ၁ ဦးကို မုံရွာ−မန္တလေးအမြန်လမ်းမကြီးဘေး တောပုပျူရွာအဝင်လမ်းခွဲ၊ တောပုဆိုင်းဘုတ်ဘေးအရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ အမျိုးသား ၃ ဦးဟာ အဆိုပါနေရာမှာတင် သေဆုံးသွားပြီး အမျိုးသမီး ၁ ဦးက ဒဏ်ရာတွေနဲ့ တောပုရွာထဲကို ထွက်ပြေးလွတ် မြောက်သွားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ကြိုတင်သတင်းရထားလို့ သွားစောင့်နေတာပါ။ အဲဒီပျူသေတွေကို မုံရွာ− မန်းလေး အမြန်လမ်း လယ်ကောင်မှာ သူတို့ဆိုင်ကယ်တွေနဲ့ ပေါင်းပြီး မီးရှို့ပေးခဲ့ပါတယ်” လို့ မုံရွာခရိုင်အမှတ် − ၇ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
သူတို့တွေဆီကနေ ဆိုင်ကယ် ၃ စီး၊ ဖုန်း ၂ လုံး ၊ ပိုက်ဆံ ၄ သိန်းကျော်၊ ယူနီဖောင်း ၁ ထည် နဲ့ ရိက္ခာခြောက် များကို သိမ်းဆည်းရရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၇)နဲ့ မုံရွာခရိုင်တပ်ရင်း(၄)၊ Special force-11၊ Special ဒိတ်ဒိတ်ကြဲ၊ Monywa Dynamite (STF)၊ သပြေညိုပျောက်ကြားတပ်ဖွဲ့၊Area-71၊ မုံရွာခရိုင်တပ်ရင်း(၂၁)တပ်ခွဲ(၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီတိုက်ခိုက်မှုပြီးတဲ့နောက်မှာ မုံရွာမြို့နယ် မြပုလဲဂိတ်နဲ့ ခင်မွန်ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံက စစ်ကောင်စီနဲ့ ပျုစောထီးတပ်ဖွဲ့တွေက စစ်ကြောင်း ၂ ကြောင်း နဲ့ မုံရွေး ၊ ကြေးမုံရွာဘက်ကို ဝိုင်းထားတယ်လို့လည်း သိရပါ တယ်။
တောပုရွာက ပျူစောထီးတပ်ဖွဲ့တွေဟာ မကြာခဏဆိုသလို ရွာနားနီးစပ် ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုးတွေ မကြာခဏပြုလုပ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၃ ရက်ကလည်း နဂါးတွင်းကျေးရွာက နေအိမ် ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မုံရွာမြို့ #တောပုရွာ #ပျူစောထီး #ရိက္ခာ #မုံရွာခရိုင်အမှတ်၇တပ်ရင်း #PDF
Share Share Share