သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ဆားလင်းကြီးမြို့ကို ရိက္ခာပို့၊ လူချိန်းပြီးပြန်လာတဲ့ စစ်ကောင်စီရေယာဉ် ၂ စီးကို စက်တင်ဘာ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၄၊ Chindwin Attack Force ဆီက သိရပါတယ်။
အဲဒီရေယာဉ် ၂ စီးဟာ မုံရွာဆိပ်ကမ်းကနေထွက်လာတာဖြစ်ပြီး မုံရွာမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတရွာအရောက် နေ့လယ် ၁ နာရီခန့်မှာ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ပစ်ခတ်မှု ၁၀ မိနစ်လောက်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“အပြန်ကိုပစ်တာ အပြန်ကိုပစ်မှ အဆင်ပြေတာ။ အသွားကိုပစ်တယ်ဆိုရင် သူတို့ (စစ်ကောင်စီ)က အပြန်ကျတော့ ပြည်သူတွေကိုအရမ်းမဲတာ။ ထိခိုက်မှုကတော့ သေချာတော့မသိရသေးဘူး။ အနည်းနဲ့ အများတော့ရှိမှာပါ။” လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်း၊ Chindwin Attack Force မှသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုညိုသူ (လက်ျာဘီးလူး)က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အဲ့ဒီရေယာဉ်ဟာ မုံရွာဘက်ကိုဆက်လက်မောင်းနှင်းသွားပြီး ရွာစဉ်တလျှောက်လုံးကို လက်နက်တွေနဲ့ ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေစီးလာတဲ့ ရေယာဉ် ၂ စီးဟာ ပြည်သူတွေဆီကနေ ချောဆွဲလာတဲ့ ရေယာဉ် ၂ စီးဖြစ်နိုင်တယ်လို့လည်း ကိုညိုသူက ခန့်မှန်းပါတယ်။
ဒီပစ်ခတ်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၄ 5/Teachers People Defense Force၊ Fight For Freedom (F3) နဲ့ Chindwin Defence Force (CDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force ပူးပေါင်းတပ်ဟာ စက်တင်ဘာ ၁၉ ရက်ကလည်း မုံရွာကနေ ချောင်းဦးဘက်ကို စစ်ကူသွားတဲ့ စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အဲ့ဒီနောက် မအူစစ်ဆေးရေးဂိတ်ကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ၃ ဦး ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #ချင်းတွင်းမြစ် #စစ်ကောင်စီရေယာဉ် #တိုက်ပွဲ
Share Share Share