ရိက္ခာပို့ယာဥ်တန်းက ရှေ့ပြေးစစ်သားတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်ကို ချင်းပြည်နယ်ကနေ ရိက္ခာပို့ပြန်လာတဲ့ စစ်ကောင်စီယာဥ်တန်းမှ ရှေ့ပြေးစစ်သားတွေကို ဧပြီ ၁၉ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Kamma Under Ground အဖွဲ့ဆီက သိရပါတယ်။

ရှေ့ပြေးစစ်သား အင်အား ၃၀ ကျော်နဲ့ အဖွဲ့ ၃ ဖွဲ့ခွဲပြီး ခြေလျင်ထွက်လာချိန် ကမ္မမြို့နဲ့ ၄ ဖာလုံအကွာ စကျင်းကုန်းရွာထိပ်မှာ မနက် ၈ နာရီကျော်ခန့်က မိုင်း ၁ ပွိုင့်ဆွဲတိုက်ခိုက်ခိုက်တာကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"ရှေ့ပြေးတက်လာတာကို ဆွဲခဲ့တယ်။ မိုင်းကတော့ ပုံးဝါမိုင်းတွေပါ။ မျက်မြင်သေတာစစ်** ၂ ကောင်သေတယ်။”လို့ Kamma Under Ground အဖွဲ့တာဝန်ခံ ငလုံး က ပြောပါတယ်။

သေဆုံးစစ်သား ၂ ဦးကို အဲ့ဒီနေ့မနက် ၉ နာရီလောက်မှာ ညောင်ဂျစ်ပင်ရွာကနေ လိုက်ထရပ်ကားနဲ့ လာသယ်သွားကြတယ်လို့ သူ့ကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Kamma Under Ground PDF (ကမ္မ - တပစ)၊ Pakokku People Defnse Force၊ Black Cobra (Pakokku)/MRDF (Myaing)၊ Six Senses Guerrilla Force၊ People Defense Force Kamma တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ကမ္မမြို့နယ်၊ ညောင်ဂျစ်ပင်ရွာ၊ ရေလာလေးရွာနဲ့ ကန်တော်ရွာက စစ်တပ်အထိုင်ချထာတဲ့နေရာတွေကို လက်နက်ကြီးတွေ၊ ရော့ကတ်တွေနဲ့ ကမ္မတပ်ပေါင်းစုအဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ကမ္မ #စစ်ကောင်စီ #မိုင်းဆွဲတိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10