ရိက္ခာဖူလုံဖို့ စားသုံးသီးနှံတွေကို ကိုယ်တိုင်စိုက်ပျိုးနေတဲ့ ပုံတောင် TIGER PDF

ရိက္ခာဖူလုံဖို့ စားသုံးသီးနှံတွေကို ကိုယ်တိုင်စိုက်ပျိုးနေတဲ့ ပုံတောင် TIGER PDF

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အမှတ် (၇)တပ်ရင်း၊ ပုလဲတပ်ရင်း ၁၊ တပ်ခွဲ ၂၊ ပုံတောင် TIGER PDF တွေအနေနဲ့ တပ်ရင်းတပ်ခွဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ စားနပ်ရိက္ခာဖူလုံဖို့ဆိုပြီး စိုက်ကွက်ဖော်ကာ သီးနှံမျိုးစုံကို တပိုင်တနိုင် စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

ပုံတောင် တပ်ခွဲ ၂ အနေနဲ့ တိုက်ခိုက်ရေးနဲ့ ထုတ်လုပ်ရေးအပိုင်းတွေမှာ ဘတ်ဂျက် လိုအပ်ချက်တွေ ရှိနေတာကို ဖြည့်နိုင်ဖို့၊ စားသုံးစရိတ်လျော့ချနိုင်ဖို့ အရင်က ကျေးရွာပြည်သူတွေက ရိက္ခာအတွက် အသီးအနှံတွေ ပံ့ပိုးကူညီတာတွေရှိပေမယ့် အခုလို ပြည်သူတွေဒုက္ခမျိုးစုံရောက်နေချိန် ပြန်ပီးကူညီပေးချင်တာတွေကြောင့် စိုက်ပျိုးဖြစ်တာလို့ ပုံတောင်တပ်ခွဲ ၂ ဘတ်ဂျက်ရှာဖွေရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။




"ကျနော်တို့တပ်ရင်းမှာ တပ်ခွဲ သုံးခွဲ ရှိတယ်။ ကျနော်တို့ဆီရောက်လာတဲ့ တခြားတပ်ခွဲကရဲဘော်တွေလည်း ဝိုင်းလုပ်ကျတာပါ။ လိုအပ်တဲ့နည်းပညာ အကူအညီလည်း ပေးကျတယ်။ မလိုအပ်ဘဲ ကုန်ကျနေတဲ့ငွေကို လျော့ချနိုင်ဖို့ ရိက္ခာဖူလုံဖို့အတွက် အဓိကလုပ်ဖြစ်တာပါ" လို့ စိုက်ကွင်းတာဝန်ခံက ပြောပါတယ်။

အဆိုပါ တပိုင်တနိုင်စိုက်ခင်းကို ၂၀၂၃ ဇန်နဝါရီလက စတင်စိုက်ပျိုးတာဖြစ်ပြီး ကြက်သွန်နီ၊ ခရမ်းသီး၊ ခရမ်းချဥ်သီး၊ ရုံးပတီ၊ ကန်ဇွန်း၊ ချဥ်ပေါင်၊ ဗူး၊ ကောက်ရိုးမှို တွေကိုစိုက်ပျိုးထားကာ အခြားရာသီပေါ် သီးနှံတွေကိုလည်း စိုက်ပျိုးနိုင်ဖို့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

 စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10