သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးအဖွဲ့တွေ ရိက္ခာရှာဖို့ ထွက်လာတာကို ဧပြီလ ၁၇ ရက် မနေ့က နေ့လယ်ပိုင်းမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တောပုရွာအနောက်ဘက်အရောက်မှာ ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ Special Guerrilla Force Monywa ဆီက သိရပါတယ်။
အင်အား ၃၀ ဦး ဝန်းကျင်ပါတဲ့ ပျူစောထီးအုပ်စုဟာ တောပုရွာထဲ ပြည်သူပိုင်ယာခင်းတွေက အသီးအနှံတွေကို သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး မကြာခဏခိုးယူတာတွေ လုပ်နေတဲ့အတွက် သတင်းရလို့ တောရကျောင်းရွာဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ Special Guerrilla Force Monywa ဗိုလ်မိုးZက ပြောပါတယ်။