ရိက္ခာသယ်ပြီးလာတဲ့ ပျူအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း သေဆုံးနိုင်ဟုဆို

ရိက္ခာသယ်ပြီးလာတဲ့ ပျူအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း သေဆုံးနိုင်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာနဲ့ ဆားတောင်ကြားမှာ ရိက္ခာသယ်ပြီးလာတဲ့ ပျူအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ​ကြွယ်ပုံရွာဘက်ကနေ စစ်ကိုင်းဘက်ကို အင်အား ၃၀ ကျော် ကား ၃ စီးနဲ့လာတဲ့ ပျူစောထီးအဖွဲ့ကို ပဒေသာမိုင်း ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါတဲ့ အညာသားလေး SGG အဖွဲ့တာဝန်ခံက ပြောပါတယ်။

"သူတို့ရွာက ရိက္ခာကုန်ရင် စစ်ကိုင်းဘက်ကနေ သွားသွားသယ်နေကြပါ။ လိုက်ထရပ် ၂ စီးနဲ့ ဖောကား ၁ စီးနဲ့ လာတာ။ အဲဒါကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်လိုက်တာ ဖြစ်တယ်။ မိုင်းထိလို့ သူတို့ကားပေါ်က ပစ္စည်းအချို့တောင် ကျကျန်ခဲ့တယ်။ သူတို့ပြန်ပစ်လို့ ဒေသခံ ၁ ဦးတောင် ဒဏ်ရာရသေးတယ်။ ရွှေမိုးဟိန်းဆီဆိုင်နားက ၁ ယောက်ထိ သွားတယ်" လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ ပျူစောထီး အဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ပျူစောထီးဘက်က ပြန်ပစ်သွားလို့ ဒေသခံ ၁ ဦး ထိခိုက်ကာ နွား ၄ ကောင် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ အညာသားလေး (SGG)၊ စစ်ကိုင်းမြို့နယ် ပ.က.ဖ၊ Fight For Federal ညီနောင်မဟာမိတ်အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ကြွယ်ပုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့သေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10