ရုံးစည်ကြီးနယ်မြေရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၃ ဦးဒဏ်ရာရ

ရုံးစည်ကြီးနယ်မြေရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာနယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၃ ဦးဒဏ်ရာရပြီး အဆောက်အဦ ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်ညနေ ၃ နာရီခွဲမှာ ဒေသခံမဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ Hexacopter ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ Myingyan District Drone Strike၊ မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က တပ်ရေးအရာရှိ AK က ပြောပါတယ်။

ရုံးစည်ကြီးရဲစခန်းမှာ ရဲနဲ့ ပျူစောထီးတွေအပြင် မိတ္ထီလာအခြေစိုက် တပ်မ ၉၉ က တပ်သားတွေလည်းရှိနေကာ စုစုပေါင်း အင်အား ၅၀ လောက်နဲ့ တပ်စွဲနေတာလို့ သိရပါတယ်။ 

တိုက်ခိုက်မှုကြောင့် သုံးပွင့်ဗိုလ်ကြီး ၁ ဦး နားစည်ကွဲပြီး ရဲတပ်သား အရှည်ကြီး မျက်နှာထိမှန် ဒဏ်ရာရကာ၊ ရဲတပ်သား ဗလကြီးကတော့ (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ပြီး သူတို့တွေကို မလှိုင်ဆေးရုံမှာ ဆေးကုနေတယ်လို့ တပ်ရေးအရာရှိ AK က ပြောပါတယ်။

ဒါ့အပြင် ရဲစခန်းပင်မဆောင်နဲ့ ရုံးခန်းပျက်စီးသွားခဲ့ပြီး ကျန်နေတဲ့အဆောင် ၁ ခုမှာပဲ အားလုံးစုပေါင်းပြီး နေထိုင်နေကြတယ်လို့ သိရပါတယ်။ 

ဒီအခြေအနေတွေကို ရဲစခန်းနဲ့နီးစပ်တဲ့ မြေပြင်ကင်းထောက်တွေရဲ့ ပြန်ပြောချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Myingyan District Drone Strike မြင်းခြံခရိုင်အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ နဲ့အတူ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

ပုံစာ - ဒရုန်းဗုံးကြောင့် ထိမှန်ပျက်စီးခဲ့သည့် ရဲစခန်းဝန်းအတွင်းက အဆောက်အဦတချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တောင်သာမြို့နယ် #ရုံးစည်ကြီးရွာ #ဒရုန်းတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10