ရေစကြို ကိုရင့်ရွာက စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြား (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာကနေ ခမရ ၂၅၈ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ အင်အား ၆၀ လောက်ဟာ ကိုရင့်ရွာကို ဝင်ရောက်ပြီး စာသင်ကျောင်းထဲမှာ အထိုင်ချနေစဥ် PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက် ညနေပိုင်းက Rocket ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Young Force - UG အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုပိန်က မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုမှာ ကိုရင့်ရွာစာသင်ကျောင်းဝန်းထဲက စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေကို ထိမှန်ခဲ့ပြီး ၃ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ သူကပြောပါတယ်။ 

ရေစကြိုမြို့နယ်၊ ဟင်္သာရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူစစ်တွေက သြဂုတ် ပထမပတ်ထဲမှာလည်း ကိုရင့်ရွာကို ဝင်ရောက်မီးရှို့ခဲ့လို့လူနေအိမ် ၂၃ လုံးဆုံးရှုံးခဲ့တာတွေရှိခဲ့တယ်လို့ ခုတိုက်ခိုက်မှုမှာပူးပေါင်းပါဝင်တဲ့ COBRA ONE Pakokkuအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မြွေဟောက်ကလည်း မြေလတ်အသံကိုပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူစစ်တွေဟာ ကိုရင့်ရွာစာသင်ကျောင်းထဲမှာ နေရာယူထားပြီးကျေးရွာတွင်းကို သေနတ်ပစ်ခတ်တာတွေ လုပ်ဆောင်နေလို့ ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ သိရပါတယ်။

တိုက်ခိုက်မူကိုတော့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ Young Force UG၊ Cobra One၊ Taty-Pku၊Thurain-TR နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ရေစကြို #ကိုရင့်ရွာ #တိုက်ပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10