ရေစကြိုက ဒုရဲအုပ်မိသားစု လက်နက်နဲ့အလင်းဝင်

ရေစကြိုက ဒုရဲအုပ်မိသားစု လက်နက်နဲ့အလင်းဝင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားစခန်းမှာ တာဝန်ကျနေတဲ့ ဒုရဲအုပ်မိသားစု လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

မေ ၈ ရက် မနက်ပိုင်းမှာ ဒုရဲအုပ်အပါ ဇနီးနဲ့ သား၊သမီး ၃ ဦး စုစုပေါင်း ၅ ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ပြီး ခုလိုကယ်ထုတ်နိုင်ဖို့အတွက် အချိန် ၆ လဝန်းကျင်လောက် ယူခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မနက်ပိုင်းထွက်ပြီး သူထွက်လာတဲ့အချိန်ထိစောင့်တယ်။ စောင့်ပြီး ပြန်ခေါ်လာတယ်။ သက်ဆိုင်ရာမြို့နယ်ပကဖတွေကို ချိတ်ဆက်ထားတာဆိုတော့ လမ်းမှာအခက်အခဲမရှိဘဲနဲ့ ရောက်လာခဲ့တာပါ” လို့ ပုလဲမြို့နယ်ပကဖ ဒုတာဝန်ခံတဦးက ပြောပါတယ်။ 

သူတို့နဲ့အတူ G 3 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၇၁ တောင့်ပါ ပါလာပြီး သူတို့အတွက် ဆုကြေးငွေ ကျပ်သိန်း ၈၀ ထောက်ပံ့သွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

အခုအလင်းဝင်လာတဲ့ ဒုရဲအုပ်ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပေါင်းပြီး ရှေ့ဆက် လိုအပ်တာတွေကို ကူညီလုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ရောက်လာသူတွေထဲမှာ လက်ရှိအချိန်အထိ စစ်သား၊ ရဲနဲ့ ပျူစောထီးအပါအဝင် စုစုပေါင်း ၄၀ ကျော် ရှိပြီး အဲဒီထဲမှာမှ လက်နက်နဲ့ အလင်းဝင်တာ ၂ ဦးသာရှိသေးတယ်လို့ ဒုတာဝန်ခံက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #ဒုရဲအုပ် #အလင်းဝင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10