ရေစကြိုနယ်မှာ ကျောင်းအုပ်အပါအဝင် ၁၀ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟုဆို

ရေစကြိုနယ်မှာ ကျောင်းအုပ်အပါအဝင် ၁၀ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟုဆို

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ မြေခဲတောင်ကျေးရွာကနေ ဖမ်းဆီးသွားတဲ့ ကျောင်းအုပ်အပါအဝင် ၁၀ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ မြေခဲတောင်ကျေးရွာ စာသင်ကျောင်းကို ၁၀ တန်းစာမေးပွဲကိစ္စလာတယ်ဆိုတဲ့ ကျောင်းအုပ်အပါအဝင် ၁၀ ဦးကို လိုအပ်တဲ့စစ်ဆေးမှု ပြုလုပ်ဖို့ခေါ်ယူခဲ့တယ်လို့  ရေစကြို ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

"သူတို့က စာမေးပွဲအကြောင်းပြပြီးလာကြတာ။ တကယ်တော့ အဲကျောင်းရှိတဲ့ ရွာကတော့ ကျောင်းက မဖွင့်ထားဘူး။ ပညာရေးမှူးက သူတို့ကို ဖိအားပေးပြီး စာမေးပွဲအတွက် လွတ်လိုက်လို့ လာရတာ။ အဲတော့ဒေသ PDF အဖွဲ့တွေက လိုအပ်တာသိရဖို့ ခေါ်ယူစစ်ဆေးခဲ့တာ။ ပြီးတော့ ကောင်းကောင်းမွန်မွန်ဘဲ ပြန်လွတ်ပေးလိုက်တယ်" လို့ ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ဆရာဆရာမတွေကိုတော့ အဲဒီ​နေ့ညနေပိုင်းမှာ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 ဆရာ၊ ဆရာမတွေ ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အင်အား ၁၀၀ လောက်နဲ့ ​မြေခဲတောင်ကျေးရွာနဲ့ ကပ်လျက်ထန်းတိုကျေးရွာဘက်ကို ရောက်လာပြီး ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းထိ ထန်းတိုကျေးရွာနားမှာရှိနေတဲ့ စစ်ကောင်စီအဖွဲ့ဟာ ပြန်လည်ထွက်ခွာတာ မရှိသေးဘဲ ဆက်လက်ရှိနေသေးလို့ ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10