ရေစကြိုမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦး ဒဏ်ရာရကာ ကျည်အချို့ရခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရပ်သာရွာမနဲ့ ရပ်သာကျွန်းရွာအကြားမှာ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေနဲ့ ရေစကြို ပကဖအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီစစ်သား ၄ ဦးပြင်းထန်ဒဏ်ရာရကာ ကျည်ဆန်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာကထွက်လာတဲ့ စစ်သား အင်အား ၆၀ လောက်နဲ့ ရေစကြို ပကဖအဖွဲ့တို့ ဩဂုတ် ၁၅ ရက် ညနေ ၄ နာရီလောက်ကစပြီး ထိတွေ့တိုက်ပွဲဖြစ်ကာ မိနစ် ၃၀ ကျော်ကြာခဲ့တယ်လို့ ရေစကြိုပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

တိုက်ပွဲအပြီး G 3 ကျည်အချို့နဲ့ ကာဘိုင်ကျည်အချို့ သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်သားတွေဟာ ရပ်သာကျွန်းထဲကိုဝင်သွားပြီးနောက် ယမန်နေ့ မနက်အစောပိုင်းမှာ ပခုက္ကူဘက်ကိုပြန်သွားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း ရေစကြိုမြို့နယ်၊ ဟင်္သာပျူရွာက ထွက်လာတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေကို ဟင်္သာကျေးရွာနဲ့ ကိုရင့်ကျေးရွာအကြားမှာ ရေစကြိုပကဖ က မိနစ် ၃၀ ကြာပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ရေစကြို #တပ်မ၁၀၁ #ရေစကြိုပကဖ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10