ရေစကြို ပိတ်သင်းကပ်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေမီးရှို့သွား

ရေစကြို ပိတ်သင်းကပ်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေမီးရှို့သွား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပိတ်သင်းကပ်ရွာက နေအိမ် ၉ လုံးကိုစစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့လည်ပိုင်းမှာ ဗြိဘရွာကိုမီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီနဲ့ပျူအင်အား ၆၀ ကျော်ဟာ ပိတ်သင်းကပ်ရွာကိုရောက်လာပြီး ဒေသခံနေအိမ်တွေကို မီးရှို့သွားတာဖြစ်တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

"အဲကောင်တွေက ပြီးခဲ့တဲ့ရက်က ကျနော်တို့နဲ့တိုက်ပွဲဖြစ်လိုက်တဲ့ကောင်တွေပဲ။ သူတို့က ရွှေ့လျားစစ်ကြောင်း လျှောက်သွားနေတာ။ နေ့လည်ပိုင်းမှာ ပိတ်သင်းကပ်ကိုဝင်ပြီး မီးရှို့သွားတာ။ ဒေသခံတွေကတော့ သူတို့ ဝင်လာမယ် သတင်းကြားကတည်းကပြေးကုန်တာ။ တရွာလုံးရှို့သွားတာတော့မဟုတ်ဘူး"လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့ကမီးရှို့လို့ နေအိမ် ၉ လုံးပြာကျသွားပြီး အိမ်တွင်းပစ္စည်းတွေပါ မီးလောင်ဆုံးရှုံးကုန်တယ်လို့ ဆိုပါတယ်။

ပိတ်သင်းကပ်ရွာကိုမီးရှို့ပြီးနောက် ဆိပ်ရွာကိုထပ်မံဝင်ရောက်ကာ နေအိမ်ကတန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်ပြီး ကျောက်ဖူးကျေးရွာမှာ ညအိပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်ဒီမနက်ပိုင်းမှာတော့ ကျောက်ဖူးရွာကနေထွက်ခွာပြီး မအူရဲစခန်းထဲမှာ တပ်စွဲနေတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ခုလိုစစ်တပ်ကရွာစဥ်လှည့်မီးရှို့နေတာကြောင့် ပိတ်သင်းကပ်၊ သစ်ကောက်ဆိပ်၊ အောက်အို၊ ဝက္ကတောအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံ ၁ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်ကလည်း အဆိုပါစစ်ကောင်စီတပ်ဟာ ဗြိဘရွာကို မီးရှို့ဖျက်စီးခဲ့လို့ ဒေသခံ နေအိမ် ၇၄ လုံးမီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ပုံစာ - စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ဗြိဘရွာ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10