ရေစီးနဲ့မျောသွားတဲ့ မောင်ဖြစ်သူကိုလိုက်ဆယ်ရင်း မောင်နှမ နှစ်ဦးစလုံးရေနစ်သေဆုံး

ရေစီးနဲ့မျောသွားတဲ့ မောင်ဖြစ်သူကိုလိုက်ဆယ်ရင်း မောင်နှမ နှစ်ဦးစလုံးရေနစ်သေဆုံး

ပဲခူးတိုင်း၊ ပြည်မြို့၊ စက်မှုကွက်သစ်ရပ်ကွက်၊ ဂန္ဓာမာဈေးအနီးမှာ ရေစီးနဲ့မျောပါသွားတဲ့ မောင် ဖြစ်သူကို အမဖြစ်သူကလိုက်ဆယ်ရင်း နှစ်ဦးစလုံးရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၂၆ ရက် ညနေ ၄ နာရီခန့်မှာ အဆိုပါရပ်ကွက်နေ အသက် ၇ နှစ်အရွယ် မောင်ဖြစ်သူက နေအိမ်ကနေ လမ်းထိပ်မုန့်ထွက်ဝယ်ဖို့အသွား တောင်ကျရေစီးလာချိန်မျောပါသွားခဲ့ရာ အသက် ၁၄ နှစ်အရွယ် အမဖြစ်သူက လိုက်လံဆယ်ယူချိန် နှစ်ဦးစလုံးမျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။

"ရေနစ်တဲ့ကလေးတွေရဲ့နေအိမ်အရှေ့နားလောက်မှာက ရေမြောင်းက လူကြီးခါးလောက်ရှိတယ်။ ဖြစ်တဲ့အချိန် မိုးကလည်းကောင်းနေ၊ တောင်ကျရေကလည်းစီးနေချိန် ကလေးက မြောင်းနား သွားဆော့တာနေမယ် မျောပါသွားတာ။ အမကလည်းလိုက်ဆယ်ရင်း မျောပါသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ရေစီးနဲ့မျောပါသွားတဲ့ မောင်နှစ်မနှစ်ဦးရဲ့အလောင်းကို ရေစီးကြောင်းဖြတ်သန်းသွားတဲ့ ရပ်ကွက်လမ်း ပေါ်မှာတင် ပွန်းပဲ့ဒဏ်ရာတွေနဲ့တွေ့ရှိခဲ့ပြီး ဒေသခံတွေကဆယ်ယူကာ ပြည်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၃ ရက်ကလည်း ပြည်မြို့၊ ကံကလေးကျေးရွာအနီး ရေကန်အတွင်းမှာ အသက် ၄၀ ကျော်အရွယ်အမျိုးသား ၁ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #ရေနစ်သေဆုံး #ကလေးသူငယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10