ရေနံချောင်းမြို့မ ရဲစခန်း အဝေးထိန်းမိုင်းခွဲခံရလို့ ဘန်ကာတွေ ပျက်ဆီး

ရေနံချောင်းမြို့မ ရဲစခန်း အဝေးထိန်းမိုင်းခွဲခံရလို့ ဘန်ကာတွေ ပျက်ဆီး

မကွေးတိုင်း၊ ရေနံချောင်းမြို့မ ရဲစခန်းကို မတ်လ ၅ ရက် မနေ့ ညပိုင်းက အဝေးထိန်းစနစ်နဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့ဆီက သိရပါတယ်။

 

မတ်လ ၅ ရက်က အဝေးထိန်းစနစ်နဲ့ မိုင်း ၂ လုံးခွဲ တိုက်ခိုက်ခဲ့လို့ ဘန်ကာအဆောက်အဦးတွေ ပျက်ဆီးသွားတယ်လို့ မကွေးခရိုင် ဗိုလ်စံသျှားက မြေလတ်အသံကို ပြောပါတယ်။

"ည ၈ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မိုင်း ၂ လုံးခွဲတိုက်ခိုက်ခဲ့တာ၊ အဲဒီရေနံချောင်းမြို့မရဲစခန်းမှာ အင်အား ၃၀ လောက်ရှိမယ်။ ကျနော်တို့ ပြန်လည်ဆုတ်ခွာတဲ့အချိန်မှာ သူတို့က နောက်လိုက်ပစ်တာတော့ ရှိတယ်။ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းဆဲပါ။ ပျက်စီးဆုံးရှုံးတာကတော့ ရဲစခန်းဘန်ကာအပိုင်းကို မိုင်းခွဲခဲ့တာဆိုတော့ ပျက်စီးဆုံးရှုံးမှုတော့ရှိမယ်" လို့ ဗိုလ်စံသျှားက ပြောပါတယ်။

အဲဒီမိုင်းခွဲတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung ၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Yenangyaung Local People's Defence Force ဖေကံကောင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း ပေါက်မြို့နယ်၊ သဖန်းချောင်းကျေးရွာမှ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10