ရေနံမြေစခန်းမှာ တပ်စွဲထားတဲ့စစ်အုပ်စုကို တိုက်ခိုက်ရင်း PDF တဦးကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ M.O.G.E လက်အောက်ခံ Well-2 ရေနံမြေစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မတ်လ ၉ ရက်မနေ့ကမနက် ၁၀ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ရင်း PDF ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။

ကျဆုံးရဲဘော်မှာ Black God ပြောက်ကျားတပ်ဖွဲ့မှ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဖြိုးဇာ (ခ) မောင်ဇာနည်အောင်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်နေချိန်မှာ ကျဆုံးခဲ့တာဖြစ်သလို အခြားပူးပေါင်းအဖွဲ့တွေဘက်မှ တပ်သား ၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျားသစ်နက်(တပ်မတော်) တပ်ရင်းတာဝန်ခံ ဗိုလ်ဥက္ကာက မြေလတ်အသံကို ပြောပါတယ်။


B.L.P.A ရဲ့ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းမှ တပ်ခွဲများ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်းမှ တပ်ခွဲများ၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ Pakokku People Defence Force၊ Pakokku Young Force စတဲ့အဖွဲ့တွေအပါ တပ်ဖွဲ့ပေါင်း ၃၂ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေချိန် မနက် ၁၀ နာရီခွဲလောက်မှာလည်း စစ်အုပ်စုဘက်က Mi 35 ရဟတ်ယာဉ် ၂ စီးနဲ့ နာရီဝက်နီးပါး လာရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10