သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်ကို ရေလမ်းကနေ တပ်အချိန်းအပြောင်းလုပ်ဖို့လာတဲ့ ခမရ ၃၃၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၆ ရက်က တိုက်ခိုက်ခဲ့တယ်လို့ Royal Brother Defence Force RBDF တပ်ဖွဲ့ဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ပါတဲ့ အဲဒီစစ်ကြောင်းဟာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ကနေ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို တပ်ချိန်းဖို့အတွက် မြစ်ထဲကနေစက်လှေတွေနဲ့လာချိန် မနက် ၁၀ နာရီလောက်က ချင်းတွင်းမြစ်တနေရာမှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၅ ရက်က ပခုက္ကူမြို့ တပ်မ ၁၀၁ မှာအင်အားဖြည့်ပြီး နိုဝင်ဘာ ၆ ရက်မှာ မြောင်နယ်ဘက်ကို စက်လှေ ၃ စင်းနဲ့လာရောက်ခဲ့တာပါ။
အခုလို ချင်းတွင်းမြစ်အတိုင်းလာတာကို သတင်းရတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်ကြိုစောင့်ကာ ၄၀ မမအပါ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ RBDF တပ်ဖွဲ့တာဝန်ခံ ကိုရဲကြီး က ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီး စက်လှေပေါ်ကစစ်သားတွေက နီးစပ်ရာကမ်းသောင်ခုံကိုကပ်ကာ ထွက်ပြေးကြတဲ့အတွက် နယ်မြေရှင်းလင်းရေးပြုလုပ်စဥ်စစ်သား ၃ သေဆုံးတာ တွေ့ခဲ့ရတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။
သေဆုံးသွားတဲ့စစ်သား ၃ ဦးရဲ့အလောင်းတွေကိုတော့ တိုက်ပွဲဖြစ်ရာအနီးက ပြည်သူပိုင်တဲတွေနဲ့အတူ မီးရှို့သွားတယ်လို့ သူကဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Royal Brother Defence Force RBDF၊ ကျေးရွာတပ်ပေါင်းစု-မြောင်၊ သွေးသောက်တပ်ဖွဲ့၊ 11 brother revolution force Wolf Brother၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #စစ်တပ် #တိုက်ပွဲ #သေဆုံး
Share Share Share