ရေလာလေးရွာက ပျူစောထီးတွေ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၁ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာက ပျူစောထီးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာမှာ ပျုစောထီးကျော်ခိုင်ရဲ့ ဆီးခုံကိုဗုံးစထိမှန်ပြီး သေဆုံးသွားတယ်လို့ Young Force UG တာဝန်ခံ ကိုပိန်က ပြောပါတယ်။

၂၆ ရက် မနက်ပိုင်း ၈ နာရီကနေ ညနေ ၅ နာရီအထိ ရေလာလေးရွာကပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီး ၂၅ လုံးချခဲ့တာဖြစ်ပြီး ၁ ဦးသေဆုံးသလို ကျန်တဲ့သူတွေလည်း အထိအခိုက် တော်တော်များတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်မတိုင်ခင် မနက်ပိုင်း ၁၀ နာရီလောက်မှာ ပခုက္ကူမြို့နယ်ထဲက ညောင်ပင်လှ လမ်းခွဲအနီး PDF ထောင်ထားတဲ့ မိုင်း ၂ လုံး စစ်ကောင်စီအဖွဲ့က ရှင်းလင်းရေးလုပ်တာမှာ စစ်သား ၁ ဦး ဒဏ်ရာရပြီး ပျူစောထီး ၁ ဦး သေတယ်လို့ သိရပါတယ်။

မိုင်းလာရှင်းတဲ့အဖွဲ့ဟာ ညောင်ဂျစ်ပင် ဘုန်းကြီးကျောင်းထဲက တပ်စွဲတဲ့ စစ်သားတွေဖြစ်ပြီး ရေလာလေးရွာထဲမှာက အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Black Cobra ၊ DMG တပ်ဖွဲ့၊ MRTF၊  ကမ္မ underground၊ PDF ကမ္မ နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂(Young Force -UG) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို Young Force UG အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ  #ရေလာလေးရွာ #ပျူစောထီး #တိုက်ခိုက်ခံရ #မိုင်းဆွဲ #ဒရုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10