ရဲစခန်းမှာ ကင်းစောင့်နေတဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

ရဲစခန်းမှာ ကင်းစောင့်နေတဲ့ရဲတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းမှာ ကင်းစောင့်နေတဲ့ ရဲ ၄ ဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁၁ ရက်မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။

မနက် ၃ နာရီခွဲလောက်မှာ မိုင်းသုံးလုံးတွဲနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲ ၄ ဦးအနက် ၃ ဦးမှာ မိုင်းစထိမှန် သေဆုံးခဲ့တယ်လို့ ဗဟင်းကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရဲဘော်တဦးက ပြောပါတယ်။

“အဲဒီရဲစခန်းကင်းဂိတ်မှာ ၄ ယောက်လောက်ရှိတာ၊ ၃ ယောက်ကတခါထဲလဲပြီး သေသွားတယ်။ တယောက်ကတော့ ထပြေးတယ်။ အဲဒီစခန်းမှာ အင်အားဘယ်လောက်ဆိုတာ ခန့်မှန်းလို့မရဘူး။ သူတို့ဘက်က ပြန်လည်ပစ်ခတ်မှုမလုပ်နိုင်ပါဘူး။ စခန်းထဲပြေးဝင်သွားတာ” လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ကညနေ ၅ နာရီလောက်မှာလည်း အဲ့ဒီရဲစခန်းကိုပဲ ဗဟင်းကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထပ်မံတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာများနိုင်တယ်လို့သာ ခန့်မှန့်နိုင်ပြီး၊ ဘယ်နဦးထိခိုက် သေဆုံးခဲ့လည်း ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10