သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကဘော်ဒေသမှာ အမျိုးသားလွတ်မြောက်ရေးတပ်တော်က သင်တန်းသား ၇၇ ဦးပါတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၅ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက် ၈ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသား ၇၃ ဦးနဲ့ အမျိုးသမီး ၄ ဦးပါတဲ့ အပတ် ၅ အခြေခံစစ်သင်တန်းကို ဇွန် ၂၁ရက်ကနေ စက်တင်ဘာ ၂၁ ရက်အထိ ၃ လကြာသင်တန်းပေးခဲ့ပြီး သင်တန်းသားအားလုံး ပြီးဆုံးတဲ့အထိပါဝင်နိုင်ခဲ့ကြတယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
"သင်တန်းမှာတော့ လက်နက်မဲ့၊ လက်နက်နဲ့ စစ်ရေးပြတွေအပြင် စစ်နည်းဗျူဟာဘာသာရပ်၊ နိုင်ငံရေးဖက်ဒရယ်ဘာသာရပ်၊ စစ်ဖက်ဆိုင်ရာ ဥပဒေတွေကို ကျနော်တို့သင်ကြားပြသခဲ့တယ်" လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အမျိုးသားလွတ်မြောက်ရေးတပ်တော်ဟာ တအာင်းအမျိုးသားတပ်မတော် TNLAဆီမှာ စစ်ပညာသင်ပြီး စစ်ကိုင်းတိုင်း၊ တမူးဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့တခု ဖြစ်ပါတယ်။
အခု အပတ်စဥ် ၅ အပါအဝင် အခြေခံစစ်ပညာသင်တန်းကို TNLA သင်တန်းဆင်းတွေနဲ့ ဦးဆောင်သူ DSA အပတ်စဉ် ၄၆ ဆင်း စစ်တပ်အရာရှိဟောင်းတဦးတို့က စစ်ပညာသင်တန်းပေးခဲ့ကြတာလို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲမှာ ဘက်စုံကောင်းမွန်တဲ့ သင်တန်းသား ၁ ဦး၊ လေ့ကျင့်ရေးမှာ စည်းကမ်းလိုက်နာတဲ့ ၁ ဦး၊ စက်ပစ်ကွင်းမှာ သေနတ်ပစ်တော်တဲ့ လက်ဖြောင့်ရဲဘော် ၁ ဦး၊ သင်တန်းအစကနေအဆုံးအထိ ဇွဲရှိရှိလုပ်ခဲ့တဲ့ အမျိုးသမီးရဲဘော် ၄ ဦးထဲက ၁ ဦးတို့ကို ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲကို မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ CNO/CNDF ကလည်း တာဝန်ရှိတဲ့သူတွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။
အမျိုးသားလွတ်မြောက်ရေးတပ်တော်ကို ၂၀၂၁ အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
အဖွဲ့အနေနဲ့ စခန်းသိမ်းတိုက်ပွဲတခုရှိခဲ့သလို မြို့သစ် မြို့သိမ်းတိုက်ပွဲမှာလည်း MOD ရဲ့တပ်ရင်းတွေနဲ့ စစ်ရေးဖော်ဆောင်မှုလုပ်တဲ့အပြင် ၁၀၂၇ ဒုတိယလှိုင်းမှာလည်း မန္တလေး PDF နဲ့အတူ ပူးပေါင်းပါဝင် စစ်ရေးဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#စစ်ကိုင်း #အမျိုးသားလွတ်မြောက်ရေးတပ်တော် #အခြေခံစစ်သင်တန်း #သင်တန်းဆင်းပွဲ
Share Share Share