ရွာမီးငြိမ်းဖို့သွားတဲ့ ရဲဘော် ၅ ဦးအပါ ၁၀ ဦး ကို စစ်ကောင်စီက မီးရှို့သတ်သွား

ရွာမီးငြိမ်းဖို့သွားတဲ့ ရဲဘော် ၅ ဦးအပါ ၁၀ ဦး ကို စစ်ကောင်စီက မီးရှို့သတ်သွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်ရွာ မီးရှို့ခံနေရလို့ မီးငြိမ်းသတ်သွားရာကနေ စစ်ကောင်စီတပ်သားတွေနဲ့ တွေ့ပြီး ရဲဘော် ၅ ဦး ကျဆုံးသလို ပြည်သူ ၅ ‌ဦး သေဆုံးခဲ့တယ်လို့ နွေမုန်တိုင်း ပကဖ အဖွဲ့ဆီက သိရပါတယ်။

 

မတ်လ ၂ ရက်နေ့ မနေ့ကနေ့လယ် ၁၁ နာရီခန့်က စစ်ကောင်စီတပ်သားတွေ မီးရှို့နေတဲ့ရွာကို မီးငြိမ်းဖို့သွားရာက စစ်သားတွေနဲ့ ထိပ်တိုက်တွေ့ချိန်မှာ အပြန်အလှန်ပစ်ခတ်ရင်း ရဲဘော် ၅ ဦးနဲ့ ပြည်သူ ၅ ဦး ကျဆုံးခဲ့တာလို့ နွေမုန်တိုင်း ပကဖ အဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

"စစ်ကောင်စီတပ်သား‌တွေ ထွက်ပြီဆိုပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူ‌တွေက ပြောတာ။ ဆိုက်ဝါးလွှတ်လိုက်တာလို့ ကျနော်တို့က ထင်တာပဲ။ ကျနော်တို့က မီးငြိမ်းဖို့ ရွာထဲပတ်တာ။ စစ်**တွေက ဝင်လာတာသိရဲ့သားနဲ့ ကျနော်တို့ကို မပစ်သေးဘူး။ ကျနော်တို့ကတဖြည်းဖြည်းတိုးရင်းနဲ့ အိမ်တွေထဲ ဝင်သွားတာ။ သူတို့က ပြည်သူတွေ ဖမ်းထားပြီးတော့ မရှိဘူးလို့ ပြောခိုင်းထားပုံ ထင်ပါတယ်။ ကျနော်တို့ကို ဝိုင်းထားတာ။ သူတို့ဘက်က သေနတ်တွေနဲ့ ကောက်ချိန်တဲ့အချိန်မှာ ခုန်ချရတယ်။ မှန်တဲ့သူတွေလည်း မှန်တယ်။ ကျနော်တို့က အကုန်ပြေးရတာ။ ၁၀ ယောက်ကတော့ အကျအဆုံး ရှိတယ်" လို့ ရဲဘော်က ဆိုပါတယ်။

ကျဆုံးတဲ့ ရဲဘော် ၅ ဦးက နွေမုန်တိုင်း ပကဖ အဖွဲ့ ကျီးကန်တောင်ရွာက ဖြစ်ပြီး ကျီးကန်ရွာက အမျိုးသား ၅ ဦးလည်း သေဆုံးခဲ့ပါတယ်။ ရဲဘော် ၂ လောင်းကတော့ သေနတ်ဒဏ်ရာနဲ့ သေပြီး ကျန်တဲ့ ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၅ ဦးက ကြိုးတွေနဲ့ တုတ်ပြီး မီးရှို့အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

"သေဆုံးသူ အ‌ကုန်လုံး သင်္ဂြိုလ်ပြီးသွားပါပြီ။ ကောင်းတဲ့ရုပ်အလောင်းကိုတော့ သူ့မိသားစုတွေနဲ့ သင်္ဂြိုလ်ပေးလိုက်ပါတယ်။ ဒီနေ့ ၁၀ နာရီမှာ သင်္ဂြိုလ်ဖြစ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

နွေမုန်တိုင်း ပကဖ အဖွဲ့က ရဲဘော်မင်းမင်း၊ ရဲဘော်ဘိုသန်း၊ ရဲဘော်နိုင်မျိုးမင်း ရဲဘော်ကိုဦး၊ ကျီးကန်ရွာသား စိတ်ရောဂါဝေဒနာရှင် ဦးစိုးတင့် တို့ဖြစ်ကြပြီး ကျန်သူတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10