ရွာသားကြီးတဦးရဲ့ တနိုင်ဝန်တော်လှန်ရေး (ရုပ်သံဆောင်းပါး)

 

ကျနော့်ဘကြီးက ကြောက်တတ်တဲ့နေရာမှာ ဆွေကျော်မျိုးကျော် သိပ်နာမည်ကြီးခဲ့တယ်။ ဘယ်လောက်ထိအောင်နာမည်ကြီးသလဲဆို ကျနော်တို့ဆွေမျိုးစုကြား အကြောက်တရားနဲ့ပတ်သက်ပြီး ပြောကြပြီဆို ဘကြီးနဲ့နှိုင်းယှဉ်ကြတဲ့အထိ။ ဘယ်သူဘယ်လောက်ကြောက်ကြောက် ဘကြီးလောက်ကြောက်ဦးမလားဆိုတာမျိုး။

ဘကြီးက ဟိုး…ငယ်ငယ်လေးကတည်းက သေနတ်မပြောနဲ့၊ စစ်သားတို့ရဲတို့မပြောနဲ့၊ ပြည်သူ့စစ်ယူနီဖောင်းလောက် မြင်ရင်ကို ခြေဖျားလက်ဖျားတွေ အလိုလိုအေးစက်လာတာမျိုး။ အသက် ၅၀ ကျော်လောက်အထိ ကျနော်တို့တောမြို့လေးက ရဲစခန်းရှေ့ဖြတ်ရင်ကို စိတ်ထဲသရိုးသရီဖြစ်မိနေတုန်းတဲ့။

ဘကြီးငယ်ငယ်တုန်းက တရားရုံးနားဖြတ်သွားမိတုန်း လက်ထိပ်ခတ်ထားတဲ့လူတွေမြင်ပြီး ဖျားတောင်ဖျားသွားသေးတယ်တဲ့။ ဘကြီးတို့ကြောက်ချက်က အဲဒီလို...။ အဲဒါကြောင့် ဘကြီးက အမှုအခင်းတွေနဲ့ ကင်းအောင်နေတယ်။ အာဏာပိုင်တွေနဲ့ အငြိအစွန်းမရှိစေရ။ မတရားတဲ့ဥပဒေတွေဘာတွေ လာမပြောနဲ့။ စည်းကမ်းလိုက်နာ ဘေးကင်းကွာဆိုတာ ဘကြီး လိုက်နာကျင့်ကြံခဲ့တဲ့ဆောင်ပုဒ်။

ဘယ်သူဘာပြောပြော၊ ဆွေမျိုးစုတွေဘယ်လိုပဲ ဟားဟား ဘကြီးကအကြောက်မပျက်။ ဒါ့ကြောင့် မဆလခေတ်ရော သန်းရွှေလက်ထက်မှာပါ ခေတ်ကြီးတစ်ခုလုံးက သူနဲ့ဘာမှမဆိုင်သလို ပြားပြားမှောက် ကြောက်ခဲ့တယ်။

ဆောင်းပါး - ထွန်းလင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #အကြောက်တရား #တော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10