ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးမှုများဟုဆို

ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးမှုများဟုဆို

 

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ ကောင်စီတပ်သားတွေကို ဇူလိုင် ၂၁ ရက် နေ့လယ် ၁ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာကြောင့် ၃၀ ဦးထက်မနည်း သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်တပ်ဖွဲ့တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အင်အား ၈၀ ကျော်ပါ စစ်ကောင်စီတပ်က ရွှေကျင်တပ်နယ်ကနေ ဒုံစရစ်နဲ့စလူချောင်းကျေးရွာတို့ကို စစ်ကြောင်းထိုးလာချိန် လမ်းတနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အချိန် ၃ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

" တိုက်ပွဲမဖြစ်ခင်တရက် မဒေါက်အောက်ဘက်ခြမ်းကို စကစအဖွဲ့တွေရောက်လာကတည်းက သတင်းရလို့စောင့်နေတာ။ မနေ့က တိုက်ပွဲက ၃ နာရီလောက်ကြာတယ်။ သူတို့ဘက်က လေယာဉ်သုံး တိုက်ခိုက်လာလို့ ပြန်ဆုတ်လာရတယ်"လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

 

တိုက်ပွဲအတွင်း တောင်ငူလေတပ်ကနေ လေကြောင်းပစ်ကူနဲ့ မိနစ် ၂၀ခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KNLAနဲ့PDF ရဲဘော် ၃ ဦး ဗုံးစထိမှန် မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ပြီးခဲ့တဲ့ဇူလိုင် ၅ရက်နဲ့ ၆ရက် တို့မှာလည်း အင်အား ၁၀၀ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ကျောက်တံခါးမြို့နယ်၊ နံဇရွာနဲ့ ပေါက်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန် KNLAနဲ့ PDF ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၅ ဦးခန့်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #ရွှေကျင် #စစ်ကောင်စီတပ် #PDF #တိုက်ပွဲသတင်း #ထိခိုက်သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10