သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တရားရုံးကို ဒီဇင်ဘာ ၂၆ ရက်မနက် ၁၀ နာရီကျော်မှာ မောင်းသူမဲ့လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ NDRF က ပြောပါတယ်။
ရွှေဘိုမြို့၊ ထူထောင်ရေးရပ်ကွက်ရှိ ခရိုင်တရားရုံး မှာ အင်အား ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မောင်းသူမဲ့လေယာဥ် ၂ စီးနဲ့ ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"သေဆုံးဒဏ်ရာရတာကို ကျနော်တို့ စကောက်ပြောလို့ အတည်ပြုနိုင်ခဲ့တာ။ တရားရုံးကိုတော့ ဒီနေ့အထိပိတ်ထားဆဲ။ ရှေ့နေတွေတော့ အထိအခိုက်မရှိခဲ့ဘူး" လို့ Ngwe Dwin Revolution Force တာဝန်ခံ ကိုစစ်နိုင်က ပြောပါတယ်။
ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ဆေးရုံမှာ ၁ ဦးနဲ့ အမှတ် (၈)လေးကျင့်ရေးတပ်မှာ ၃ ဦးအသီးသီး ဆေးကုသမှုခံယူနေရတယ်လို့ ကိုစစ်နိုင်က ပြောပါတယ်။
ဒါ့အပြင် တရားရုံးတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ရွှေဘိုမြို့ အဝင်၊ အထွက်ကို ပိတ်ပင်လိုက်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မှာတော့ ပြန်လည်ဖွင့်လိုက်ပြီ လို့သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ရွှေဘိုအားမာန် မြို့ပြပျောက်ကျားတပ်ဖွဲ့၊ ရွှေဘိုပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ကျားညီနောင်၊ MRTF ၊ NGWE DWIN REVOLUTION FORCE၊ တံတားညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သိဒ္ဓိရှင်၊ ဗိုလ်လင်းရောင်(ဒပယ)သိခ်အားမာန်၊ တိုက်နယ်၂ တပ်ပေါင်းစု တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပုံစာ-တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်ကို တော်လှန်ရေးအင်အားစုများ သယ်လာကြစဉ်
စာတည်း-နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ခရိုင်တရားရုံး #မောင်းသူမဲ့လေယာဉ် #နွေဦးတော်လှန်ရေး #ပကဖ #PDF #ပြောက်ကျားတပ်ဖွဲ့ #စစ်ကောင်စီ
Share Share Share