ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ဒုတပ်ရင်းမှူးဈာပနကို မွေးရပ်မြေမှာပြုလုပ် (Photo News)

ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ဒုတပ်ရင်းမှူးဈာပနကို မွေးရပ်မြေမှာပြုလုပ် (Photo News)

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက ဒုတပ်ရင်းမှူးတဦးရဲ့ ဈာပနကို သူ့မွေးရပ်မြေ စစ်ကိုင်းတိုင်းထဲကကျေးရွာတရွာမှာ သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း တပ်ထောက်တာဝန်ခံ ကိုနေမျိုးက ပြောပါတယ်။ 

ဒုတပ်ရင်မှူးဖြစ်သူ ရဲဘော်စံသိန်းဟာ သြဂုတ် ၂၆ ရက်က မန္တလေးတိုင်း၊ သပိတ်ကျင်း၊ ကွင်း ၅၀၀ တိုက်ပွဲမှာကျဆုံးခဲ့တာလို့ ဆိုပါတယ်။ 

ရှမ်း - မန်း စစ်ဆင်းရေးမှာ မန္တလေးတိုင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ အညာဒေသက ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၊ ၁၄၊ ၁၅၊ ၁၆၊ တို့အပါအဝင် တပ်ရင်းတပ်ဖွဲ့ စုစုပေါင်း ၂၀ လောက် ပူပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ မန္တလေးတိုင်းစစ်ဦးစီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ဒုတပ်ရင်းမှူး #ဈာပန #ရှမ်းမန်းစစ်ဆင်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10