သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကို စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီး ပစ်ခတ်တာကြောင့် အမျိုးသား ၄ ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်အချို့လည်း သိမ်းခံလိုက်ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက် မနက် ၆ နာရီကျော်မှာ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဇီးဖြူကုန်းရွာကို ဝင်ရောက်လာပြီးနောက် တိုက်ပွဲဖြစ်ခဲ့ကြတာပါ။
"စကစ စစ်ကြောင်းဝင်လာတော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က အင်အားများတယ်။ တိုက်ပွဲက အချိန်တော်ကြာ ဖြစ်သွားတယ်။ ရဲဘော်တွေဘက်ကတော့ အားမတန်လို့ ပြန်ဆုတ်လာရတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်းရှိ အမျိုးသား ၄ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ ဇီးဖြူကုန်းရွာတိုက်ပွဲမှာ PDF ၄ ဦးအသေရပြီး လက်လုပ်စိန်ပြောင်း ၂ လက်အပါအဝင် သေနတ် ၁၀ လက်နဲ့ မိုင်း ၂၃ လုံးသိမ်းဆည်းရမိတယ်လို့ ရေးသားထားကြပါတယ်။
အဆိုပါသေဆုံးသူ အမျိုးသား ၄ ဦးဟာ ဒေသခံလား၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလားဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
လက်ရှိအချိန်ထိ ဇီးဖြူကုန်းကျေးရွာတဝိုက်မှာ စစ်ကောင်စီစစ်ကြောင်းတွေရှိနေပြီး နှစ်ဖက်စစ်ရေး တင်းမာမှုတွေရှိကာ ဒေသခံရာချီလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ရွှေဘို #ဇီးဖြူကုန်း #စစ်ကောင်စီ #စစ်ကြောင်းထိုး #ပစ်သတ် #အမျိုးသား #သတင်း #မြေလတ်သတင်း
Share Share Share