ရွှေဘိုမြို့နယ်ထွေအုပ်ရုံးက အငယ်တန်းစာရေးအမျိုးသမီး အသတ်ခံရ

ရွှေဘိုမြို့နယ်ထွေအုပ်ရုံးက အငယ်တန်းစာရေးအမျိုးသမီး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငယ်တန်းစာရေး အမျိုးသမီးတဦး ကို မတ် ၂၃ ရက် ည ၁၂ နာရီလောက်မှာ ပစ်သတ်ခဲ့တယ်လို့ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားအဖွဲ့ ဆီက သိရပါတယ်။ 

အသတ်ခံရသူမှာ ရွှေဘိုမြို့၊ အမှတ် ၇ ရပ်ကွက်နေ အသက် ၅၃ နှစ်အရွယ် ဒေါ်မြမြငြိမ်းဖြစ်ပြီး သူ့နေအိမ်ကနေ ဖမ်းခေါ်သွားပြီးနောက်မှာ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ 

ဒေါ်မြမြငြိမ်းဟာ ရပ်ကွက်အတွင်း စစ်မှုထမ်းစာရင်းတွေ လိုက်ကောက်တာ၊ ဒေသခံအချို့နဲ့ ပတ်သက်ပြီး စစ်တပ်ကိုသတင်းပေး ဖမ်းဆီးခိုင်းတာတွေလုပ်တယ်လို့ စုံစမ်းသိရှိရတဲ့အတွက် ခုလိုလုပ်ဆောင်ခဲ့တာလို့ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားအဖွဲ့တာဝန်ရှိသူ ကိုအားမာန်က ပြောပါတယ်။ 

“စာရေးမက ရပ်ကွက်ထဲက ရာအိမ်မှူး အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီဆီမှာ မဖြစ်မနေ ထမ်းဆောင်ရမယ်လို့ အကုန်လုံးကိုညွှန်ကြားပြီးခိုင်းတဲ့လူပါ။ ရပ်ကွက်ထဲမှာ ကလေးတွေကို စစ်မှုထမ်းရမယ်ဆိုပြီး စာရင်းကောက်တာ။ ကျနော်တို့သူ့အိမ်ထဲကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်။ မေးမြန်းပြီးမှ သုတ်သင်ရှင်းလင်းခဲ့တာ။” လို့ ကိုအားမာန်က ပြောပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၀ ရက်ကလည်း အမှတ် ၇ ရပ်ကွက်က လူငယ်အမျိုးသား ၂ ဦးကို ဖမ်းဆီးဖို့ စစ်တပ်ကိုသတင်းပေးခဲ့ပြီးနောက် နေအိမ်တွေကိုပါ လိုက်ပြပေးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ကိုအားမာန်က ဆက်ပြောပါတယ်။ 

ဒီပစ်ခတ်မှုကို ‌သိင်္ခအားမာန်၊ ရွှေဘိုအားမာန်မြို့ပြပြောက်ကျား UG၊ Shwebo Crocodile၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ)၊ ဇာမဏီဒေါင်း(ဒပယ) တန (၂) တပ်ပေါင်းစု တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ကိုအားမာန်က ပြောပါတယ်။ 

ပစ်ခတ်ပြီးနောက် ညတွင်းချင်း စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေမှာ မမြမြငြိမ်း အသတ်ခံရတဲ့ သတင်းတွေပျံ့ခဲ့ပြီး စစ်ကောင်စီတပ်သားတွေကလည်း ရွှေဘိုမြို့တမြို့လုံးကို လှည့်ပတ်ပစ်ဖောက်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #ထွေအုပ် #ပစ်သတ် #အငယ်တန်းစာရေးအမျိုးသမီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10