သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တောင်ဘက်အထွက် ရွှေဘို-မန္တလေးလမ်းပိုင်း မုဒ်ဦးနားမှာ သေနတ်ပစ်ဖောက်ပြီး စစ်ကောင်စီကိုစိန်ခေါ် သည့် PDF တွေဆီ လာစစ်တဲ့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၃ ဦးသေ၊ ရဲအုပ် ၁ ဦးဒဏ်ရာရတယ်လို့ Buffalo Soldiers Freedom Forceအဖွဲ့ထံက သိရပါတယ်။
ဩဂုတ်လ ၁၁ ရက် မနက် ၁၁ နာရီခန့်မှာ ရွှေဘိုမြို့အဝင်မုဒ်ဦးအနီးဝန်းကျင် စစ်ကောင်စီအဖွဲ့တွေ ကင်းပုန်းဝပ်တတ်တဲ့ နားမှာ မိုင်းဆင်ပြီး မုဒ်ဦးနားထိသွားရောက်ကာ သေနတ်ပစ်ဖောက်ပြီး စစ်ကောင်အဖွဲ့ကို ထွက်လာအောင် စိန်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်ပစ်ဖောက်မှုအပြီး ညနေ ၄ နာရီခန့်မှာ ရွှေဘိုမြို့လေ့ကျင့်ရေး ၈ က စစ်ကောင်စီအဖွဲ့၊ ရွှေဘိုမြို့မရဲစခန်းက ရဲတွေအပါအဝင် ကညနရုံး အစောင့်ကျ စစ်ကောင်စီအဖွဲ့ အင်အား ၃၅ ဦးခန့်က ကား ၄ စီးနဲ့ စစ်ဆေးဖို့လာချိန် BOC ဓာတ်ဆီဆိုင်အနီးအရောက်မှာ မိုင်း ၃ လုံးဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ရဲအုပ် ၁ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုကိခံရပြီးနောက် စစ်ကောင်စီအဖွဲ့ဟာ သေနတ်ပစ်ဖောက်တာတွေပြုလုပ်ပြီး လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို Buffalo Soldiers Freedom Force အဖွဲ့၊ War Lord Defence Force (B-4 C-2 Shwebo)၊တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ဒေါင်းမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ SBDFစခန်း-1 တပ်ခွဲ 11 တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
ဩဂုတ်လ ၁ ရက် ဝါဆိုလပြည့်နေ့ မနက်ပိုင်း ရွှေဘိုမြို့ကနေ ဝက်လက်မြို့ဘက်အထွက် ရွှေဘိုမြို့မုဒ်ဦးနေရာအနီးမှာ "မ** မင်းအောင်လှိုင်မလာရဲတဲ့ မြို့မှ ကြိုဆိုပါ၏" စာတန်း လာဖြုတ်တဲ့ စစ်ကောင်စီအဖွဲ့ မိုင်းထိလို့ ၅ ဦးသေဆုံးတယ်လို့ သိရပါတယ်။
စာတည်း - ဇို
#မြေလတ်အသံ
#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #စိန်ခေါ် #PDF #ရုပ်သံသတင်း
Share Share Share