ရှင်မတောင် တောင်ပေါ်ကနေ တပ်ချိန်းပြီးဆင်းလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းချိန် ခဲယမ်းပစ္စည်းတွေရရှိ

ရှင်မတောင် တောင်ပေါ်ကနေ တပ်ချိန်းပြီးဆင်းလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းချိန် ခဲယမ်းပစ္စည်းတွေရရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင် တောင်ပေါ်ကနေ တပ်ချိန်းပြီးပြန်လာတဲ့ တပ်မ ၁၀၁ က စစ်ကြောင်းကို တောင်ခြေအနီးတဝိုက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

စစ်အင်အား ၆၀ ခန့်ပါ အဆိုပါစစ်ကြောင်းကို ဩဂုတ် ၃၁ ရက် ညနေ ၅ နာရီကျော်လောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ကြာခဲ့တယ်လို့ ဆိုပါတယ်။ 

" တောင်ပေါ်စတက်ဖို့လုပ်တာကတော့ ဩဂုတ် ၂၈ နဲ့ ၂၉ ရက်မှာ တက်ဖို့လှုပ်ရှားနေတာ။ ၃၀ ရက်ညမှာ တက်ပြီး ချက်ခြင်းပြန်ဆင်းတယ်။ ၃၁ ရက် ညနေမှာ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တယ်။ လူချိန်းပြီးပြန်လာတဲ့ ခြေလျင်စစ်ကြောင်းပါ။ ထိခိုက်သေဆုံးမှုကတော့ အသေးစိတ် အတည်မပြုနိုင်သေးပါဘူး” လို့ ရေစကြိုပကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုတွေပြီးလို့ စစ်ကောင်စီတပ်သားတွေ ပခုက္ကူမြို့ တပ်မ ၁၀၁ ကိုပြန်လည်ဆုတ်ခွာသွားချိန် တိုက်ပွဲဖြစ်တဲ့နေရာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စက်တင်ဘာ ၂ ရက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်း‌တွေကို သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။ 

နယ်မြေရှင်းလင်းမှုအတွင်း အူဇီကျည်‌ဘောက် ၁ ခု၊ ၉ မမ ကျည် ၈၄ တောင့်နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး တိုက်ခိုက်မှုကိုတေ့ာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၉ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကလည်း ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ရေစကြိုပကဖ က တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ရေစကြို #ရှင်မတောင်တောင် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10