ရှမ်းမန်းစစ်ဆင်ရေး ပူးပေါင်းတိုက်ပွဲက အောင်ပွဲရ PLA ရဲဘော်တွေကို ပြည်သူတွေက လှိုက်လှဲစွာကြိုဆို (ရုပ်/သံ)

အညာဒေသမှာ အခြေစိုက်ထားတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People`s Liberation Army-PLA တပ်ဖွဲ့ဝင်တွေကို သြဂုတ် ၁ ရက်မှာ ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People`s Liberation Army-PLA တပ်ဖွဲ့ဝင်တွေဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ ရှမ်းမန်းစစ်ဆင်ရေးလို့ လူသိများတဲ့ ရှမ်းပြည်နယ်၊ လာရှိုးမြို့နယ်ရှိ ခလရ ၆၈ တပ်ရင်းစခန်းကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တို့နဲ့ ဇူလိုင် ၂၇ ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

အဲ့ဒီလို မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ည ၆ နာရီခန့်မှာ ခလရ ၆၈  တပ်ရင်းစခန်းတခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်အပြီး အောင်ပွဲနဲ့အတူပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းများနဲ့အတူ ဝမ်းသာပျော်ရွှင်စွာဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

ကြိုဆိုရာမှာ သပြေပန်းတွေကုန်သွားတဲ့အတွက် လက်ဆွဲနှုတ်ဆက်တာ ဓါတ်ပုံတွေရိုက်တာတွေကို ပြုလုပ်ခဲ့ကြတဲ့အပြင် "တိုက်ပွဲတိုင်း အောင်ပါစေ၊ ဘေးရန်ကင်းပါစေ၊ ကျန်းမာပါစေ၊ တိုက်တိုင်းနိုင်ပါစေ" လို့ ဒေသခံပြည်သူတွေက ဆုတောင်းမေတ္တာများလည်း ပို့သခဲ့ကြပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး လက်နက်ငယ်တွေ ကျည်ဆန်နဲ့ မိုင်းတွေအပြင် စစ်ကား ၁၀ စီးလည်း သိမ်းဆည်းရရှိခဲ့တယ်လို့  ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရှမ်းမန်းစစ်ဆင်ရေး #ပူးတွဲတိုက်ပွဲ #အောင်ပွဲရ #PLAရဲဘော်များ #ကြိုဆို 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10