ရှမ်းမန်းစစ်ဆင်ရေးအတွင်းရရှိတဲ့ မိုင်းထိဒဏ်ရာကုသနေတဲ့ NLA က ဗိုလ် ၁ ဦးကျဆုံး

ရှမ်းမန်းစစ်ဆင်ရေးအတွင်းရရှိတဲ့ မိုင်းထိဒဏ်ရာကုသနေတဲ့ NLA က ဗိုလ် ၁ ဦးကျဆုံး

အမျိုးသားလွတ်မြောက်ရေးတပ်တော် - NLA မှ ဗိုလ် ၁ ဦး ရှမ်း-မန်းစစ်ဆင်ရေးတိုက်ပွဲတခုမှာ ရရှိခဲ့တဲ့ မိုင်းထိဒဏ်ရာကိုကုသနေရင်း နိုဝင်ဘာ ၅ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ ကျဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁၁ နာရီ ၁၅ မိနစ်လောက်က ရှေ့တန်းစစ်မြေပြင်တခုမှာ စစ်ကောင်စီဘက်ကထောင်ထားတဲ့ မိုင်းထိမှန်ပြီး အသက် ၂၀ အရွယ် ဗိုလ် စည်သူအောင်ရဲ့ ဦးခေါင်းမှာ ဒဏ်ရာရခဲ့ပြီး အဲ့ဒီဒဏ်ရာအရှိန်နဲ့ပဲ ကျဆုံးခဲ့တာလို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဗိုလ် စည်သူအောင်ဟာ တမူးမြို့နယ်ထဲက စစ်တပ်ထောက်ခံသူအားကောင်းတဲ့ ပန်းသာကျေးရွာ ဇာတိဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လကတည်းက တော်လှန်ရေးထဲမှာပါဝင်လာသူ ဖြစ်တယ်လို့ ဆိုပါတယ်။ 

သူ့ဈာပနကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်မှာပြုလုပ်ခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော် ဌာနချုပ်မှာတော့ ကျဆုံးသူအတွက်အမိန့်ပြန်တာနဲ့ အလံတိုင်တဝက်ချတာတွေ လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

တမူးမြို့မှာအခြေစိုက်တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်ဟာ ရှမ်းမန်းနဲ့ ၁၀၂၇ ဒုတိယလှိုင်းအပါအဝင် မန္တလေးတိုင်း၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်တွေအတွင်း NUG MOD လက်အောက်ခံတပ်ရင်းတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို‌တော်လှန်နေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ 

စစ်ကောင်စီကိုတော်လှန်ရင်း အမျိုးသားလွတ်မြောက်ရေးတပ်တော်အဖွဲ့က ကျဆုံးခဲ့တဲ့ ရဲဘော် ၁၇ ဦးရှိပြီလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#NLA #ရှမ်းမန်းစစ်ဆင်ရေး #ဗိုလ် #ကျဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10